COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (25-5-2020, 8:00 pm)

၁။ (၂၅-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၂၁) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၂၈၁) ခု၊ စုစုပေါင်း (၄၀၂) ခုကို စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂)ဦး တွေ့ရှိရပါသည်။

၂။ (၂၅-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၀၃) ဦး ရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦး (Case-134) ရှိသဖြင့် (၂၅-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၃) ဦးရှိပါသည်။ ၎င်းတို့အနက် (၁၁၂) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၂၄-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၅-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၂) ဦး ရှိပါသည်။

 

More Tags