သရက်မြို့နယ်ရှိ ပဲကြော်လုပ်ငန်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ခရိုင်စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေး

သရက်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၂) ရက်

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ရှိ ပဲကြော်လုပ်ငန်း(၇) ခုကို ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နိုင်ရန်အတွက် ဒေါက်တာညွန့်ရွှေအောင် သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ခရိုင်စစ်ဆေးရေးအဖွဲ့ဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့်အချက်များ ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းပုံစံ အသုံးပြုကာ (၂၂-၅-၂၀၂၀) ရက်နေ့၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်

More Tags