ပင်လောင်းမြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပင်လောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပင်လောင်းမြို့နယ် ရုံးဝင်းရပ်ကွက်အတွင်းနှင့် ဝန်ထမ်းပေါင်းစုံ အိမ်ရာတိုက်ခန်း၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

     အဆိုပါလုပ်ငန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ရပ်ကွက်တာဝန်ရှိသူများက ရပ်ကွက်အတွင်းရှိ ပြည်သူလူထု၏ နေအိမ်များမှ မိုရာသီကာလ အတွင်း ရေသိုလှောင်ကန်များ၊ ရေတိုင်ကီများအတွင်းသို့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် ခြင်ကျားများမပေါက်ပွားစေရေးအတွက် ခြင်လောက်လန်းနှိမ်နင်းရန် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ခြင်လောက်လန်းဖြစ်ပွားနိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်များဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

More Tags