မကွေးတိုင်းဒေသကြီးအတွင်း ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်း စတင်ဆောင်ရွက်

မကွေးမြို့၊ ၂၀၂၀ ခုနှစ်၊ မေလ (၁၈) ရက်

     မကွေးတိုင်းဒေသကြီးအတွင်း ယာယီရပ်နားထားသော ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း (Routine Immunization) ကို ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနတို့၏ ဉီးဆောင်လမ်းညွှန်ချက်များနှင့်အညီ (၂၀၂၀ ခုနှစ်၊ မေလ ၁၈) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ် (၂၅) မြို့နယ်လုံးတွင် ဆေးရုံအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးရုံအားလုံးတွင် (၂၀၂၀ခုနှစ်−မေလ−၁၈) ရက်နေ့မှ တစ်ပတ်လျှင် (၅) ရက်ဖြင့် ရက်သတ္တပတ် နှစ်ပတ်ဆက်တိုက် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ရက်သတ္တပတ်လျှင် အနည်းဆုံးတစ်ရက်ဖြင့် ဆက်လက်ထိုးနှံတိုက်ကျွေးသွားမည်ဖြစ်သည်။ ဆက်လက်၍ (၂၀၂၀ ခုနှစ်−ဇွန်လ−၁) ရက်နေ့မှ စတင်၍ မြို့နယ်အဆင့်အောက် တိုက်နယ်၊ မိခင်ကလေး၊ ဒေသန္တရ၊ မြို့မ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ရပ်ကွက်ကျေးရွာများတွင် ဆောင်ရွက်မည်ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးစုရပ်များတွင် ရည်မှန်းကလေးများအားလုံး တစ်ယောက်မကျန်မရရှိခဲ့သေးသော ကာကွယ်ဆေးများ အပြည့်အဝရရှိစေရန်နှင့် လူစုလူဝေးမဖြစ်စေဘဲ ဘေးအန္တရာယ်ကင်းစွာ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးနိုင်ရေးအတွက် ညွှန်ကြားချက်များကိုတိကျစွာ လိုက်နာအောင် ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။

More Tags