ကချင်ပြည်နယ်အတွင်း WASH in School ဆိုင်ရာ COVID-19 ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် Online Meeting ၌ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပါဝင်ဆွေးနွေး

မြစ်ကြီးနားမြို့ ၊ ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၁) ရက်

     ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်မဖွင့်လှစ်မီ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကျောင်းတက်နေစဉ်ကာလအတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မေလ (၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းဇော်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာနော်ရှဲ(လ်)ထာ၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ)‌ ဒေါက်တာလှိုင်လှိုင်ဌေး၊ ပြည်နယ်အခြေခံပညာဦးစီးဌာနမှ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့၊ ပြည်နယ်စည်သာယာဦးစီးဌာန ၊ UNICEF (WASH Cluster) နှင့် WHO (Health Cluster) တို့ online meeting အနေဖြင့် တက်ရောက်ပါဝင်ခဲ့ပါသည်။

 

     ဆွေးနွေးမှုများအနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသူများအား ထားရှိသည့် အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ကျောင်းများကို ၂၀၂၀ ပြည့်နှစ် ဇွန်လဆန်းမှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုအောက်တွင် ပိုးသတ်ဆေးဖြန်းခြင်း၊ သန့်ရှင်းရေးများပြုလုပ်ကာ ဇွန်လ (၁၅)ရက်နေ့ နောက်ဆုံးထားပြီး အခြေခံပညာဦးစီးဌာနသို့ ပြန်လည်အပ်နှံရန်၊ စာသင်ခန်းများတွင် ကျောင်းသားအရေအတွက် လျော့ချပြီး ကျန်းမာရေးဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း သင်ကြားရန်၊ ဆပ်ပြာများ၊ ပါးစပ်နှင့် နှာခေါင်းစည်းများကို အခြေခံပညာဦးစီးဌာနမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ဇူလိုင်လမှ စ၍ အထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၊ ကျောင်းတွင်း ပိုးလောက်လန်းကင်းစင်ရေး၊ သန့်စင်ခန်းနှင့် လက်ဆေးရန် နေရာများပြင်ဆင်ခြင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ကျောင်းကျန်းမာပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများကို စနစ်တကျ ကြီးကြပ်ခြင်း စသည်တို့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ပါသည်။

More Tags