မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလအတွင်း အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းနှင့် ခုခံကျကာလသားရောဂါတိုက်ဖျက်ရေးစီမံကိန်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိ

မကွေး၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၁၉ ရက်

     မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလအတွင်း အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းနှင့် ခုခံကျကာလသား ရောဂါတိုက်ဖျက်ရေး စီမံကိန်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းနှင့် ခုခံကျကာလသားရောဂါတိုက်ဖျက်ရေးစီမံကိန်း လုပ်ငန်းများ၏ ပြင်ပလူနာကြည့်ဆေးခန်းများကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများစတင်သည့်အချိန်မှစ၍ မူလအတိုင်းဆက်လက် ဖွင့်လှစ်ထားခြင်း၊ ဌာနအတွင်းဝန်ထမ်း များနှင့် လူနာများအား COVID-19 ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကူးစက်ရောဂါကာကွယ်ရေး (Infection Control) လုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်လျက်ရှိခြင်း၊ တိုင်းဒေသကြီးအတွင်းလူနာများအတွက် လိုအပ်သောဆေးဝါးများကို အလုံအလောက်ရရှိစေရန်စီမံထားရှိခြင်း၊ COVID-19 ရောဂါ ကာလအတွင်း လူနာများဆေးပုံမှန်ရရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိခြင်းတို့ကို တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်လျက်ရှိ ပါသည်။

 
 

More Tags