ကချင်ပြည်နယ်အတွင်း မြို့နယ်များရှိ အသွားအလာကန့်သတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်နေရာများနှင့် ကျန်းမာရေးဌာနများတွင် အသုံးပြုရန် UNICEF မှ လက်ဆေးစင်များထောက်ပံ့ပေးအပ်

မြစ်ကြီးနားမြို့၊ ၂၀၂၀ ပြည့်နှစ် မေလ (၁၉) ရက်

     ကချင်ပြည်နယ်အတွင်း မြို့နယ်များရှိ အသွားအလာကန့်သတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်နေရာများနှင့် ကျန်းမာရေးဌာနများတွင် အသုံးပြုရန်အတွက် လက်ဆေးစင်များကို UNICEF မှ ထောက်ပံ့ပေးအပ်လျက်ရှိရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ UNICEF နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် လိုအပ်ချက်အတိုင်း မြို့နယ် (၁၈) မြို့နယ်သို့ ဖြန့်ဝေခဲ့ပြီး ဆက်လက်၍ တပ်ဆင်ပြီးစီးသည့် လက်ဆေးစင်များကို ၂၀၂၀ ပြည့်နှစ် မေလ (၁၉) ရက်နေ့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်ရှဲ(လ်)ထာမှ လွှဲပြောင်းပေးအပ်မှုကို လက်ခံခဲ့ပါသည်။

 

     ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ယနေ့အထိ လက်ဆေးစင် စုစုပေါင်း (၃၃၆) စုံ တိတိ လက်ခံရရှိခဲ့ပြီး အသွားအလာကန့်သတ်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် နေရာများ အထူးသဖြင့် အခြေခံပညာကျောင်းများ၊ လူဝင်လူထွက်များသည့် မြစ်ကြီးနား အဝေးပြေး၊ ကုန်တင်ကုန်ချကားကြီးဝင်း၊ ဘူတာရုံ၊ လေဆိပ်စသည့်နေရာများ၊ ကျန်းမာရေးဌာနများတွင် တပ်ဆင်အသုံးပြုလျက်ရှိပါသည်။

More Tags