လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

လွိုင်ကော်မြို့၊ ၂၀၂၀ ခုနှစ်၊ မေလ (၁၉) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့‌ပေါ်ရှိ နာနတ်တောရပ်ကွက်၊ နောင်ယား(က)ရပ်ကွက်၊ ဒေါတမရပ်ကွက်၊လောဓမရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်၊ မင်းစုရပ်ကွက်၊ မိုင်းလုံးရပ်ကွက်များတွင် ရပကနဝန်ထမ်းများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များပူးပေါင်း၍ အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြီးကြပ်ခြင်းလုပ်ငန်းများကို (၂၈.၄.၂၀၂၀) ရက်နေ့ မှ (၁၉.၅.၂၀၂၀)ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags