ရမည်းသင်းမြို့နယ်ရှိ Community Based Facility Quarantine Centers များသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကွင်းဆင်းကြည့်ရှူအားပေး

ရမည်းသင်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၇) ရက်

     မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးအောင်ကြည်၊ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ တိုင်းဒေသကြီးသစ်တောနှင့် သယံဇာတဝန်ကြီး ဦးမျိုးသစ်၊ တိုင်းဒေသကြီးရှမ်းတိုင်းရင်းသားဝန်ကြီး ဦးစိုင်းပန်းဆိုင်တို့သည် ရမည်းသင်းမြို့နယ်တွင် ဖွင့်လှစ်ထားသော ပြည်သူအခြေပြုစောင့်ကြည့်ရေး စခန်းများဖြစ်သည့် သာသနာ့ဗိမာန်နှင့် နည်းပညာတက္ကသိုလ်သို့ ယနေ့လာရောက်ခဲ့ကြပါသည်။

 

      ကွင်းဆင်းလာရောက်ကြည့်ရှူရာတွင် စောင့်ကြည့်ပြည်သူ (၈၆၇) ဦးအား အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များ ထောက်ပံ့ကူညီခဲ့ကြပါသည်။ ဆက်လက်၍ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ COVID-19 သံသယလူနာများထားရှိမည့် Isolation Ward နှင့် Fever room အခန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ ထိုခရီးစဉ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ခရိုင်/မြို့နယ် COVID-19 ရောဂါ ထိန်းချူပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီတို့မှ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။

More Tags