ကျောင်းကုန်းမြို့နယ်အတွင်း COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျောင်းကုန်းမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၁၇) ရက်

     ဧရာ၀တီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်အောင်သည် (၁၇-၅-၂၀၂၀) ရက်နေ့တွင် ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်သို့သွားရောက်၍ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

     ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့သည် ချောင်ကြီးတိုက်နယ်ဆေးရုံ၊ ချောင်ကြီးကျေးလက်ကျန်းမာရေးဌာနများသို့ ဆက်လက်ထွက်ခွာကာ တိုက်နယ်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခြင်း၊ ၀န်ထမ်းများနှင့် တွေ့ဆုံခြင်းများပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

More Tags