 |
 |
| ၁။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး စက္ကန့်(၂၀)ကြာအောင် မကြာခဏ စနစ်တကျ ဆေးပါ။ |
၂။ နှာချေ၊ ချောင်းဆိုးတိုင်း နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင်ဖုံးပါ။ |
 |
 |
| ၃။ အပြင်ထွက်တဲ့အခါတိုင်း ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ပါ။ |
၄။ အခြားသူများနဲ့ အနည်းဆုံး (၆)ပေ အကွာမှသာ ပြောဆိုဆက်ဆံပါ။ |
 |
 |
| ၅။ မိသားစုဝင်တစ်ဦးသာလျှင် စျေးဝယ်ထွက်ပါ။ ဖြစ်နိုင်လျှင် တစ်ပတ်ကို တစ်ကြိမ်သာ စျေးဝယ်ထွက်ပါ။ |
၆။ တတ်နိုင်သမျှ အစာအုပ်စုစုံလင်အောင် အာဟာရပြည့်ဝအောင် စားသုံးပါ။ |
 |
 |
| ၇။ မိမိနဲ့သင့်တော်ပြီးမပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ |
၈။ အစားအသောက်တွေကို မပြင်ဆင်၊ မကိုင်တွယ်မီမှာ လက်ကို ဆပ်ပြာနဲ့ရေ သုံးပြီး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးပါ။ |
 |
 |
| ၉။ တတ်နိုင်သမျှ အစာအုပ်စုစုံလင်အောင် အာဟာရပြည့်ဝအောင် စားသုံးပါ။ |
၁၀။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားရာဒေသမှ ပြန်လာသူများအနေဖြင့် သီးခြား သတ်မှတ်ထားသောနေရာများ (Quarantine Center) တွင် (၂၁) ရက်တာ အသွားအလာကန့်သတ် နေထိုင်ပြီး နောက်ထပ်(၇)ရက် အိမ်မှာသာနေထိုင်ခြင်းဖြင့် ရောဂါကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ပါ။ |
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=02.gif) |
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=8%20revised.gif) |
| ၁၁။ နှာချေ/ချောင်းဆိုးတဲ့အခါမှာ အသုံးပြုထားတဲ့ တစ်ရှူးတွေကို အဖုံးပါတဲ့ အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ။ |
၁၂။ သင်၏ ခရီးသွားရာဇဝင်ကို ဆရာဝန်အား တိကျမှန်ကန်စွာ ပြောပြပါ။ |
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=9.gif) |
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=12.gif) |
| ၁၃။ တတ်နိုင်သမျှ လူ (၅) ဦး အထက်စုဝေးခြင်းကို လုံးဝရှောင်ကြဉ်ပါ။ |
၁၄။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မိခင်တွေအနေနဲ့ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးလိုပါက တိုက်ကျွေးနိုင်ပါတယ်။ |
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=13.gif) |
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=14.gif) |
| ၁၅။ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်းများ ဖြစ်ပါက နီးရာကျန်းမာရေးဌာနကို ချက်ချင်းဆက်သွယ် ကုသမှုခံယူပါ။ |
၁၆။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိရောက်စွာ ကာကွယ်ဖို့ စည်းကမ်းမဲ့ တံတွေး/သလိပ်ထွေးခြင်းနဲ့ ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပါ။ |
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=16.gif) |
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=17.gif) |
| ၁၇။ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်၊ အသားဓာတ်နှင့် ဓာတ်တိုးကာကွယ်သည့် ဓာတ်များ ကြွယ်ဝစာပါဝင်ပြီး သဘာဝအတိုင်း သန့်ရှင်းလတ်ဆတ်သော အစားအစာများကို နေ့စဉ် စားသုံးပါ။ |
၁၈။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနေတဲ့ သတင်းများနဲ့ လမ်းညွှန်ချက်များကို ယုံကြည်လိုက်နာပါ။ |
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=18.gif) |
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=19.gif) |
| ၁၉။ တတ်နိုင်သမျှ အိမ်မှာပဲနေပါ။ (အထူးသဖြင့် အသက် (၆၀) နှစ် အထက်နှင့် နာတာရှည် ရောဂါရှိသူများ) |
၂၀။ (၆) ပေ အကွာမှ ဈေးဝယ်ပါ။ |