မကွေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနတွင် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် မိမိတို့သဘောဆန္ဒအလျှောက် တာ၀န်ထမ်းဆောင်ရန်အဆိုပြုသော ကျန်းမာရေး၀န်ထမ်းများအား တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ တွေ့ဆုံအမှာစကားပြောကြား

မကွေးမြို့၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၆) ရက်

     မကွေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် မိမိတို့သဘောဆန္ဒ အလျှောက် တာ၀န်ထမ်းဆောင်ရန်အဆိုပြုသော ကျန်းမာရေး၀န်ထမ်းများအား တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ (၂၆.၃.၂၀၂၀) ရက်နေ့နံနက်ပိုင်းတွင် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ မိမိတို့ဆန္ဒအလျှောက် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက် ကြမည်ဟုကြားသိရသည်ကို ကျေးဇူးတင်ပါ​ကြောင်းနှင့် ၀မ်းမြောက်မိပါကြောင်း၊ လိုအပ်သောနေရာများတွင် တာ၀န်ချသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည် များကိုဖြည့်ဆည်းပေးခဲ့ပါသည်။ ထို့နောက် ကျန်းမာရေး၀န်ထမ်းများမှ သိရှိလိုသည်များ၊ လိုအပ်သည်များကို ဆွေးနွေးမေးမြန်းခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

More Tags