ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Access to health Fund တို့ ပူးပေါင်း၍ State Health Plan Workshop ကျင်းပ

ဟားခါး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၃)ရက်

     ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Access to health Fund တို့ ပူးပေါင်း၍ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၂၂)ရက်မှ (၂၃)ရက်နေ့အထိ State Health Plan Workshop ကို ကျင်းပခဲ့ရာ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့်အမှာစကား မြွက်ကြားခဲ့ပါသည်။


     ယင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒေါက်တာရဲမင်းထွေး၊ ဒုတိယညွှန်ကြားရေးမှူး (NIMU)နှင့်အဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကလေးကျန်းမာရေးဌာနခွဲမှ ဒေါက်တာမြင့်မိုရ်စိုး၊ ဒုတိယညွှန်ကြားရေးမှူး(Maternal and Reproductive Health)တို့ ဦးဆောင်ပါဝင်ပြီး  ချင်းပြည်နယ် မြို့နယ်အသီးသီးမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်သူနာပြု(၁)များ၊ ကျန်းမာရေးမှူး(၁)များ၊ လက်ထောက်ကျန်းမာရေးမှူးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ ဌာနခွဲတာဝန်ခံ များနှင့် ဖိတ်ကြားထားသည့် INGOs များ  တက်ရောက်ပါသည်။

More Tags