ခရမ်းမြို့နယ်တွင် CORONAVIRUS DISEASE 2019 (COVID-19) အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန်မြို့၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၁) ရက်

     (၂၀၂၀) ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ခရမ်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ခရမ်းမြို့နယ်၊ သွန်းဘုရားကြီးဘုရားပွဲ၌ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်ပြီး COVID-19 (Corona Virus Disease 2019) အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ တေးသံရှင်မနော၏ ကျန်းမာရေးပညာပေးအသံဖိုင်ကိုဖွင့်၍ အသိပညာပေးခဲ့ပါသည်။ ထို့အပြင် ဆေးခန်းတွင် Corona Virus Disease 2019 (COVID-19) အဆုတ်ရောင်ရောဂါနှင့်ပတ်သက်သည့် ပိုစတာများ၊ ဗွီနိုင်းများ၊ လက်ကမ်းစာစောင်များဖြင့် ကျန်းမာရေးပြခန်းငယ်ပြုလုပ်၍ ဘုရားပွဲလာရောက်သူများအား ကျန်းမာရေးပညာပေးလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြပါသည်၊၊

 

More Tags