C - 151 ဓာတ်ခွဲအတည်ပြုလူနာ
အသက် - (၂၅) နှစ်၊ မ
နေရပ်လိပ်စာ - အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ရောဂါလက္ခဏာဖြစ်ပွားခြင်း - နှာစေးခြင်း၊ အနံ့ပျောက်ခြင်း
ရောဂါလက္ခဏာစတင်ဖြစ်ပွားသည့်ရက် - ၂၄-၄-၂၀၂၀
ပြသခဲ့သည့်ဆေးရုံ - Fever clinic မှတဆင့် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး
ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ခြင်း - မရှိ
ဓာတ်ခွဲအတည်ပြုသည့်ရက်စွဲ - ၁-၅-၂၀၂၀
ပြည်ပခရီးသွားရာဇဝင် - မရှိ
အတူနေမိသားစုဝင် - (၆) ဦး
ဓာတ်ခွဲအတည်ပြုစစ်ဆေးတွေ့ရှိပြီးချိန်မှစ၍ အဆိုပါလူနာအား တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။
လူနာနှင့်အနီးကပ်ထိတွေ့သူများအား အသွားအလာတားမြစ်ပိတ်ပင်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးပြီးဖြစ်ပါသည်။
ခရီးသွားရာဇဝင်
ရောဂါလက္ခဏာာမပေါ်မီ (၂) ရက်နှင့် ရောဂါလက္ခဏာပေါ်ပြီးနောက် Fever clinic (အင်းစိန်) သို့သွားခြင်းမှအပ ပြင်ပသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်းသိရှိရပါသည်။
C - 150 ဓာတ်ခွဲအတည်ပြုလူနာ
အသက် - (၁၈) နှစ်၊ မ
နေရပ်လိပ်စာ - ဟားခါးမြို့နယ်၊ ချင်းပြည်နယ်
ရောဂါလက္ခဏာဖြစ်ပွားခြင်း - မရှိ
ပြသခဲ့သည့်ဆေးရုံ - မရှိ
ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ခြင်း - မရှိ
အသွားအလာကန့်သတ်သည့်ရက်စွဲ - ၁၆-၄-၂၀၂၀ (ဟားခါးမြို့)
ဓာတ်ခွဲအတည်ပြုသည့်ရက်စွဲ - ၂၉-၄-၂၀၂၀
ပြည်ပခရီးသွားရာဇဝင် - ရှိ (တရုတ်နိုင်ငံ)
ဓာတ်ခွဲအတည်ပြုစစ်ဆေးတွေ့ရှိပြီးချိန်မှစ၍ အဆိုပါလူနာအား ဟားခါးပြည်သူ့ဆေးရုံကြီးတွင် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။
အနီးကပ်ထိတွေ့ခဲ့သူများအား အသွားအလာတားမြစ် ပိတ်ပင်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးပြီးဖြစ်ပါသည်။
ခရီးသွားရာဇဝင်
ရက်စွဲ | သွားရောက်ခဲ့သည့်နေရာ | အသုံးပြုသည့်ယာဉ် | မှတ်ချက် |
၂၀-၃-၂၀၂၀ | တရုတ်နိုင်ငံမှ ရှမ်းပြည်နယ်၊ မူဆယ်မြို့ | မူဆယ်မြို့ရှိတည်းခိုးခန်း တစ်ခုတွင် တည်းခိုခဲ့ပါသည်။ | |
၂၁-၃-၂၀၂၀ မနက် (၈:၀၀) နာရီ | မန္တလေး | ရွှေမန္တလာ အဝေးပြေးယာဉ် | မန္တလေးမြို့သို့ (၂၃-၃-၂၀၂၀) ရက်နေ့ မနက် (၁:၀၀) နာရီတွင် ရောက်ရှိခဲ့ပါသည်။ |
၂၄-၃-၂၀၂၀ မနက် (၈:၀၀) နာရီ | ကလေးမြို့ | ရွှေမန္တလာ အဝေးပြေးယာဉ် | (၂၅-၃-၂၀၂၀) ရက်နေ့ မနက် (၁:၀၀) နာရီတွင် ကလေးမြို့ သို့ရောက်ရှိခဲ့ပါသည်။ |
၂၄-၃-၂၀၂၀ မှ ၅-၄-၂၀၂၀ ထိ | ကလေးမြို့ | သူငယ်ချင်းဖြစ်သူ၏နေအိမ်တွင် တည်းခိုနေထိုင်ခဲ့ပါသည်။ | |
၅-၄-၂၀၂၀ ညနေ (၄:၀၀) နာရီ | ဟားခါးမြို့ | တောင်ဇလပ်ယာဉ်(အသေး) | ဟားခါးမြို့ကားဂိတ်သို့ (၆-၄-၂၀၂၀) ရက်နေ့ နေ့လည် (၁:၃၀) နာရီတွင်ရောက်ရှိခဲ့ပါသည်။ |
(၆-၄-၂၀၂၀) ရက်နေ့ နေ့လည်(၁:၄၅) နာရီ | သီဖူးလ်ကျေးရွာ၊ ဟာခါးမြို့နယ် | တောင်ဇလပ်ယာဉ်(အသေး) | (၆-၄-၂၀၂၀) ရက်နေ့ နေ့လည် (၃:၃၀) နာရီတွင် ၎င်း၏ဖခင် အိမ်သို့ ရောက်ရှိခဲ့ပါသည်။ (၁၃-၄-၂၀၂၀) ရက်နေ့ထိ နေထိုင်ခဲ့ပါသည်။ |
၁၃-၄-၂၀၂၀ | ဟားခါးမြို့ | သီဖူးလ်ကျေးရွာမှ ဟာခါးမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပါသည်။ |
COVID-19 ပိုးတွေ့လူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိခဲ့ပါက ဆက်သွယ်သတင်းပေးပို့နိုင်ရန် ဖုန်းနံပါတ်များ
စဉ် | အမည် | ရာထူး | မြို့နယ် | Office | Mobile | Fax | ပြည်နယ်/တိုင်းဒေသကြီး | SR_Eng | Department |
---|