တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ၌ ကျောင်းသားအားကစားပြိုင်ပွဲကျင်းပ

မန္တလေး၊ ဇူလိုင် ၂၃

     ၂၀၂၄ ပညာသင်နှစ် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို (၁၈-၇-၂၀၂၄) ရက်နေ့တွင် တိုင်းရင်းဆေးတက္ကသိုလ် အဆောက်အဦရှေ့ မျက်နှာစာတွင် ကျင်းပပြုလုပ်သည်။

ရှင်းလင်းပြောကြား

     ဖွင့်ပွဲတွင် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးတင့်လွင်က အမှာစကားပြောကြားပြီး အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဌေးလွင်က အားကစားပြိုင်ပွဲ ကျင်းပရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မော်ကွန်းထိန်း ဦးမြင့်အေးက ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

     ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားမောင်မယ်များက အားကစားအဓိဋ္ဌာန် (၄)ချက် သံပြိုင် ရွတ်ဆိုကြပသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ်ရှိ ဌာနမှူး/ ဌာနတာဝန်ခံများ၊ အားကစားပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကာ အားကစားပြိုင်ပွဲတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ (ကျား၊ မ)၊ ကြက်တောင်ရိုက်ပြိုင်ပွဲ (ကျား၊ မ)(Double, Single)၊ စားပွဲတင်တင်းနစ်ရိုက်ပြိုင်ပွဲ (ကျား၊ မ) (Double, Single)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ(ကျား)နှင့် E-Sport game ပြိုင်ပွဲ စသည့် အားကစားနည်း(၅)မျိုးဖြင့် (၁၈-၇-၂၀၂၄) ရက်နေ့မှ (၂၆-၈-၂၀၂၄) ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(၁၈-၇-၂၀၂၄)ရက်နေ့၊ တိုင်းရင်းဆေးတက္ကသိုလ်၌ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

 
 
 
 
 

ဖူဆယ်ဘောလုံးပြိုင်ပွဲ(ကျား) ကျင်းပခြင်း

 

ဖူဆယ်ဘောလုံးပြိုင်ပွဲ(မ) ကျင်းပခြင်း

More Tags