COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများ သိရှိစေရန် အချက်အလက်များနှင့် သတင်းပေးပို့ရန် Webpage အား လွှင့်တင်ဆောင်ရွက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၃) ရက်

     Coronavirus Disease 2019 (COVID-19) ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူ (Contact Person) များအတွက် သတင်းအချက်အလက်များ ဝင်ရောက်ကြည့်ရှုပြီး အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်သတင်းပေးပို့နိုင်ရန် “COVID-19 Contact Tracing and Reporting Webpage” စာမျက်နှာအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်တီ၏ အစည်းအဝေးဆုံးဖြတ်ချက် နှင့်အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လွှင့်တင်ဆောင်ရွက်ခဲ့ပါသည်။

 

     Coronavirus Disease 2019 (COVID-19) ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူ Contact Person များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန Website (www.mohs.gov.mm) နှင့် အင်တာနက်လိပ်စာ (https://www.mohs.gov.mm/Main/ content/page/covid-19-contact) တို့မှတစ်ဆင့် သတင်းအချက်အလက်များအား ဝင်ရောက် ကြည့်ရှုပြီး သတင်းပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။

 

     အဆိုပါ “COVID-19 Contact Tracing and Reporting Webpage” စာမျက်နှာတွင် ဓာတ်ခွဲအတည်ပြု COVID-19 ပိုးတွေ့လူနာတစ်ဉီးချင်းစီအလိုက် သွားလာနေထိုင်ခဲ့သည့် ခရီး နေရာများ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူ Contact Person များကိုယ်တိုင် အွန်လိုင်းမှ တစ်ဆင့် ဗဟိုသို့ တိုက်ရိုက်သတင်းပေးပို့နိုင်မည့် Reporting Form နှင့် ဗဟို/တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်အလိုက် ဆက်သွယ်သတင်းပေးပို့နိုင်မည့် ကျန်းမာရေးဌာနများ၏ ဖုန်းနံပါတ် များစာရင်းတို့ကို ထည့်သွင်းဖော်ပြထားရှိပါသည်။

 
 

     ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများမှ COVID-19 Contact Person များစာရင်းအား ဗဟိုသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်ရန် Online Database စနစ်ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

 
 
 

 

 

 

 
 

 

More Tags