COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ (12-4-2020, 6:30 pm)


၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် ယနေ့တွင် COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အား စစ်ဆေးရာ၌ စုစုပေါင်း ဓာတ်ခွဲနမူနာ (၉၃) ခုအား စစ်ဆေးခဲ့ပါသည်။

၂။ အဆိုပါ ဓာတ်ခွဲနမူနာများအနက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူခဲ့သူ အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

၃။ ကျန်ဓာတ်ခွဲနမူနာ (၉၂) ခုတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။

၄။ သတင်း အပြည့်အစုံကို ထပ်မံဖော်ပြသွားမည်ဖြစ်ပါသည်။

 

 
 

More Tags