COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (29-4-2020, 7:00 am)

၁။ (၂၉-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (၂၈-၄-၂၀၂၀ ရက် အတွက် ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာ (၂၆၈) ခု၏ ဓာတ်ခွဲအဖြေများအနက် -

• COVID-19 ရောဂါပိုးတွေ့ရှိ (လူနာသစ်) = (၁) ဦး တွေ့ရှိခဲ့ပါသည်။

၂။ သို့ဖြစ်ပါ၍ (၂၉-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၀) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) အနေဖြင့် ထိုသို့ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ပိုးကင်းစင်လာမှု အခြေအနေအား ပုံမှန် စစ်ဆေးလျက်ရှိပါသည်။

 

 

More Tags