COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (24-5-2020, 7:00 am)

၁။ (၂၃-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် (၂၄-၅-၂၀၂၀) ရက်နေ့၊ နံနက် အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၆၈) ခုတွင် -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။

၂။ (၂၄-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၀၁) ဦးရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၀) ဦးရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၂၃-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၆၅၅) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၁၂၆) ခု၊ စုစုပေါင်း (၇၈၁)ခု ကို စစ်ဆေးခဲ့ပါသည်။

 
 

More Tags