COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (24-4-2020, 9:00 am)

၁။ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၏ (၂၃-၄-၂၀၂၀) ရက်နေ့၊ ညတွင် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၆၄) ခုအနက် (၇) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ)ရပြီး ကျန် (၅၇) ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ပါ။

၂။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် (၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၉)နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၃၉) ဦးရှိပြီဖြစ်ပါသည်။

၃။ အဆိုပါလူနာသစ်များအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးသွားမည် ဖြစ်ပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများ၏ သတင်းအပြည့်အစုံကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

(မှတ်ချက်။ ။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ (၂၃-၄-၂၀၂၀) ရက်နေ့တွင် စစ်ဆေး ခဲ့သော ဓာတ်ခွဲနမူနာများတွင် လူနာသစ် (၅) ဦးတွေ့ရှိခဲ့မှုကို (၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၃၀) နာရီတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)

More Tags