COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (20-4-2020, 10:00 AM)

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) သည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာနှင့် အသွားအလာကန့် သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၃၆၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၆၅)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း (၁၉-၄-၂၀၂၀)ရက်နေ့၊ ည (၁၁:၁၅) သတင်းတွင် ထုတ်ပြန်ခဲ့ပါသည်။

၂။ သို့ဖြစ်ရာ (၂၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၁၁) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅)ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂)ဦး ရှိပါသည်။

၃။ လူနာများအား ဇယားတွင် ဖော်ပြထားသည့် သက်ဆိုင်ရာဆေးရုံများတွင် ကုသမှုပေးလျက်ရှိပါသည်။

 

 

 

More Tags