COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (19-4-2020, 7:00 am)

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၈-၄-၂၀၂၀) ရက်နေ့၊ (တတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၈၇) ခုအနက် (၉) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၇၈) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။

၂။ အဆိုပါ လူနာသစ် (၉) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။

၃။ (၁၈-၄-၂၀၂၀) ရက်နေ့၊ COVID-19 ရောဂါအတွက် (ပထမအသုတ် + ဒုတိယအသုတ် + တတိယအသုတ်) ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိခဲ့သော လူနာသစ် စုစုပေါင်း (၁၃) ဦးရှိပါသည်။ ကျန် (၂၅၉) ဦးတွင် ရောဂါပိုးမတွေ့ရှိပါ။

၄။ ယနေ့ နံနက် (၇:၀၀)နာရီအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၀၇) ဦးရှိပြီဖြစ်ပါသည်။

More Tags