COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (13-4-2020, 10:15 pm)

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ည COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၄) ခု အား ထပ်မံစစ်ဆေးခဲ့ပါသည်။

၂။ ၎င်းတို့အနက် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ သတ်မှတ်ထားသော နေရာတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ထားရှိသူ (၁) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

၃။ ကျန်ဓာတ်ခွဲနမူနာ (၉၃) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သို့ဖြစ်ပါ၍ (၁၃-၄-၂၀၂၀) ရက်နေ့၊ ည (၉:၀၀) နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈၆) ခု အား စစ်ဆေးခဲ့ရာ (၁၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရပါသည်။

၅။ ယနေ့ ည (၈) နာရီသတင်းတွင် ဖော်ပြထားပြီးသော COVID-19 ရောဂါပိုး တွေ့ရှိရသူ (၁၁) ဦးမှာ ရန်ကုန်တိုင်းဒေသကြီးရှိ သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုခြင်း ဆောင်ရွက်ထားသူများဖြစ်ပါသည်။

၆။ ဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးသွားမည်ဖြစ်ပါသည်။

 
 

More Tags