COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (10-4-2020, 8:00PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာ ကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွား အလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရေး ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေး အတွက်နေ့စဉ် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၉-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၁၀-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့် လူနာအသစ် (၅၁) ဦး ရှိပါသည်။

၃။ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခံရသူများ၏ ဓာတ်ခွဲအဖြေများရရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးရုံများတွင် လက်ရှိတွင် သီးခြားထားရှိ ကုသမှုခံယူနေသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၄) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မြောက်ဥက္ကလာပအထွေထွေ ရောဂါကုဆေးရုံ ကြီး မှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၁) ဦး၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၂) ဦး၊ မွန်ပြည်နယ်၊ ကျိုက်မရောပြည်သူ့ ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၁) ဦး၊ စုစုပေါင်း (၂၁)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ကုသခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၅။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၀-၄-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစု နှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြ ပါရန် နှိုးဆော်အပ်ပါသည်။

More Tags