COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (1-5-2020, 7:00 AM)

၁။ (၁-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၂၀၈) ခုကို စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦး တွေ့ရှိခဲ့ပါသည်။

၂။ သို့ဖြစ်ပါ၍ (၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၁) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) အနေဖြင့် ထိုသို့ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ပိုးကင်းစင်လာမှု အခြေအနေအား စစ်ဆေးလျက်ရှိပါသည်။


 
 

More Tags