Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၃)ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ အလှူငွေများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နေ့လယ် (၂) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ အတွင်းရေးမှူး(၂) ကိုယ်စား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်လက်ခံပါသည်။

 

     အခမ်းအနားတွင် အလှူရှင်များကိုယ်စား ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက လှူဒါန်းရသည့် အကြောင်းရင်းအား ရှင်းလင်းပြောကြားသည်။

     ထို့နောက် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ အတွင်းရေးမှူး(၂) ကိုယ်စား၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့က လှူဒါန်းငွေ ကျပ် (၄,၃၈၀,၁၀၀/-) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လှူဒါန်းငွေ ကျပ် (၃,၀၀၀,၀၀၀/-) တို့အား လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

     အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဒုတိယအမြဲတမ်းအတွင်းဝန်(ကျန်းမာရေး)၊ ညွန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

More Tags