Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ (21-5-2020)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၁) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ အလှူရှင်များကိုယ်စား မြန်မာတော်ဝင်အနွယ်တော်များ အစည်းအရုံး (Myanmar Royal Descendants Association)၊ ဥက္ကဋ္ဌ ဦးဘုန်းမြင့်အောင်နှင့် နာယက ဦးစိုးဝင်းတို့က လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာတော်ဝင်အနွယ်တော်များ အစည်းအရုံးမှ လှူဒါန်းငွေ ကျပ်သိန်း (၁၀၀) ကို လက်ခံခဲ့ပြီး အလှူရှင်များထံ ကျေးဇူးတင် ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ ပါသည်။

 

More Tags