Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ (9-5-2020)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၉) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ အလှူရှင်များကိုယ်စား ဆေးတက္ကသိုလ် (၂)ရန်ကုန် ၁၂/၂၀၀၃ ကျောင်းသား/သူ ဟောင်းတစ်ဦးက လှူဒါန်းရသည့် အကြောင်းအရင်းကို ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုများသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ရှေ့တန်းမှဆောင်ရွက်နေသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအတွက် များစွာပံ့ပိုးမှု ရရှိစေ နိုင်မည်ဖြစ်ပါကြောင်း၊

• ယခုအချိန်တွင် COVID-19 ကပ်ရောဂါထိန်းချုပ်ရေးအတွက် လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

• ထိုသို့ပူးပေါင်းဆောင်ရွက်မှုများနှင့် လှူဒါန်းမှုများသည် မိမိတို့နိုင်ငံတွင် COVID-19 ကပ်ရောဂါကို အောင်မြင်ကျော်လွှားနိုင်ကာ ပုံမှန်အခြေအနေသို့ ရောက်ရှိစေရေး ဆောင်ရွက်နေမှုလုပ်ငန်းများကို များစွာအထောက်အကူပြုပါကြောင်း ပြောကြားခဲ့ပါ သည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးတို့က လှူဒါန်းမှုများအား လက်ခံခဲ့ကြပြီး အလှူရှင်များထံ ကျေးဇူးတင် ဂုဏ်ပြုလွှာများ အသီးသီး ပေးအပ်ခဲ့ပါသည်။

 

ယနေ့ လှူဒါန်းမှု၌ -

• ဦးကိုကိုထူး + ဒေါ်စန္ဒာအောင် သား မင်းသီဟထူး၊ သမီး ဆုသီရိထူး (မြန်မာ့စက်မှုဆိပ်ကမ်း - MIP) ဝန်ထမ်းမိသားစုက ကျပ်သိန်းပေါင်း (၅,၅၅၀) တန်ဖိုးရှိ 3M Mask, Hand sanitizer, Gloves, PPE, Goggles, Thermometer နှင့် Disinfectant spray များကိုလည်းကောင်း၊

• (၁၉၆၃)ခုနှစ် ရန်ကုန်ဆေးတက္ကသိုလ် (၁) ဝင် ပြည်တွင်း၊ ပြည်ပရှိ ဆရာဝန်များမှ ငွေကျပ် (၁၀၀) သိန်းကိုလည်းကောင်း၊

• ဆေးတက္ကသိုလ် (၂)ရန်ကုန် ၁၂/၂၀၀၃ ကျောင်းသား/သူ ဟောင်းများမှ ငွေကျပ် (၆၅) သိန်းကိုလည်းကောင်း၊

• ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ KN95 Mask (၅၀၀) ခုကိုလည်းကောင်း၊

• Sea Lion Co.ltd မှ ကျပ်သိန်းပေါင်း (၇၆၉.၇၅) တန်ဖိုးရှိ PPE, Surgical gown, Glove, Mask နှင့် Powered air-purifying Respirator (PAPR) များကိုလည်းကောင်း အသီးသီး လှူဒါန်း ခဲ့ကြပါသည်။

More Tags