မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ အင်ဂျင်နီယာဝန်ထမ်းများ၏ ကျွမ်းကျင်မှုမြှင့်တင်ရေးလုပ်ငန်းများတွင် ပံ့ပိုးဆောင်ရွက်နိုင်ရေးဆွေးနွေး

Union Minister Dr. Myint Htwe receives Chairman of Myanmar Engineering Council and team

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဧည့်ခန်းမတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင်လတ်နှင့် အဖွဲ့တို့ကို တွေ့ဆုံခဲ့ပြီး -

• မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ အင်ဂျင်နီယာဝန်ထမ်းများ၏ ကျွမ်းကျင်မှုမြှင့်တင်ရေးလုပ်ငန်းများနှင့်

• ဝန်ကြီးဌာန အဆောက်အဦများ အရည်အသွေးပြည့်မီရန် တည်ဆောက်ခြင်းနှင့် အရည်အသွေး ပြည့်မီမှု စစ်ဆေးခြင်း (quality control and quality assurance) လုပ်ငန်းများတွင် ပံ့ပိုးဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ တာဝန်ရှိသူများက နည်းပညာတက္ကသိုလ် (ရန်ကုန်) နှင့် နည်းပညာတက္ကသိုလ် (မန္တလေး) တို့အား နိုင်ငံတကာ အသိအမှတ်ပြု အဆင့်အတန်းပြည့်မီမှု (Accreditation) ရရှိရေး ဆောင်ရွက်နေမှုများကို တင်ပြခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာကျော်ဇေယျ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ မှ ဦးကိုကိုအောင်၊ ဦးကြည်ဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags