ပြည်သူ့ဆေးရုံအသီးသီး၏ ပြင်ပလူနာဌာန/ကာကွယ်ဆေးထိုးခန်း ဖုန်းနံပါတ်များ

မိဘပြည်သူများအတွက် သတင်းကောင်းရှိပါတယ်။

ပြည်သူ့ဆေးရုံတွေမှာ (၁၈-၅-၂၀၂၀) ရက်နေ့ကစတင်ပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ပြန်လည်ထိုးနှံပေးနေပါပြီ။

(၂၀၂၀) ခုနှစ်၊ မေလ (၂၉) ရက်နေ့အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှအပ (၂) ပတ် ဆက်တိုက် ထိုးနှံတိုက်ကျွေးသွားမှာဖြစ်ပါတယ်။

ပြည်သူ့ဆေးရုံတွေမှာ ဇွန်လ (၁) ရက်နေ့ နောက်ပိုင်းမှာတော့ တစ်ပတ်ကို တစ်ရက် ပုံမှန် ဆက်ပြီးထိုးနှံပေးသွားမှာဖြစ်ပါတယ်။

ဒေသန္တရ/မိခင်ကလေး/ကျေးလက်ကျန်းမာရေးဌာနများနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ကျေးရွာ/လူအုပ်စုအသီးသီးမှာတော့ ဇွန်လ (၁) ရက်နေ့ကစပြီး လစဉ်ပုံမှန်ထိုးနှံပေးသွားမှာပါ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ခေတ္တယာယီရပ်နားထားတာကြောင့် မိဘပြည်သူအချို့ စိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာက အကြံပြုချက်တွေကိုလိုက်နာပြီး တတ်နိုင်သမျှ မိမိတို့အိမ်မှာသာနေထိုင်ကြမှာဖြစ်တာကြောင့် COVID-19 သာမက အခြားကူးစက်ရောဂါတွေကိုလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပြီးသားဖြစ်ပါတယ်။

ဒါကြောင့် မိဘပြည်သူတွေကို အစိုးရိမ်မလွန်ဖို့ ပြောကြားလိုပါတယ်။
ကာကွယ်ဆေးထိုးနှံရန်သွားတဲ့အခါမှာ မိဘပြည်သူတွေအနေနဲ့ အောက်ပါအချက်တွေကို အတိအကျလိုက်နာပါ။

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းမှာ လူစုလူဝေးမဖြစ်အောင်တစ်ရက်ကို ကလေး (၅၀) ဦးသာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးမှာ ဖြစ်တာကြောင့် ဆေးရုံ/ကျန်းမာရေးဌာနကို တက်နိုင်သမျှ ကြိုတင်ဖုန်းဆက် ရက်ချိန်းယူပါ။ မိမိတို့ နေထိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ မြို့နယ်တွေမှာ ဆက်သွယ်မေးမြန်းလို့ရနိုင်မယ့် ဖုန်းနံပါတ်တွေကိုလည်း ဝေမျှလိုက်ပါတယ်။

- ကြိုတင် ရက်ချိန်းယူပြီး ချိန်းဆိုထားတဲ့ ရက်မှာပဲ ကျန်းမာရေးဌာနကို သွားပါ။

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းကို မိဘ/အုပ်ထိန်းသူ တစ်ဦးသာလျှင် ကလေးငယ်နဲ့အတူတူ ဝင်ခွင့်ပြုမှာဖြစ်ပါတယ်။

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းကို လာတဲ့အခါမှာ အိမ်ကထွက်လာကတည်းက ပါးစပ်နှင့်နှာခေါင်းစည်း တပ်လာပါ။ ကလေးကိုလည်း ကလေးအသက်ရှူမကြပ်အောင် သတိထားပြီး ကလေးမျက်နှာကာ (ဒါမှမဟုတ်) အနှီးနဲ့ ကလေးမျက်နှာကို အုပ်လာဖို့လိုပါတယ်။

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းကို မဝင်ခင်မှာ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး အနည်းဆုံး စက္ကန့် (၂၀) ဆေးရပါမယ်။

- ကလေး(ဒါမှဟုတ်) ကလေးနဲ့အတူနေတဲ့ အိမ်သားတစ်ဦးဦး ဖျားနေရင်/အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေရှိနေရင် ကာကွယ်ဆေးထိုးဖို့ မလာသေးဘဲ နေပြန်ကောင်းလာတဲ့အချိန်ကျမှသာ ကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးဖို့ ရက်ချိန်းယူပါ။

- တကယ်လို့ ကလေး(ဒါမှမဟုတ်) ကလေးနဲ့အတူနေအိမ်သားတစ်ဦးဦးက ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိတဲ့ လူနာနဲ့ ထိတွေ့ (contact) ရင်၊ home quarantine ပြုလုပ်ဖို့ လိုအပ်သော နေအိမ်မှာနေထိုင်ရင်တော့ သတ်မှတ်ထားတဲ့ quarantine ရက်ပြည့်ပြီးမှသာ ကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးဖို့အတွက် ရက်ချိန်းယူပါ။

- မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိကလေးကိုသော်လည်းကောင်း၊ မိမိမိသားစုကိုသော်လည်းကောင်း COVID-19 ရောဂါကူးစက်ခြင်းမရှိစေဖို့၊ မိမိကလေးငယ် မရရှိသေးတဲ့ ကာကွယ်ဆေးတွေ အားလုံး အပြည့်အဝရရှိနိုင်ဖို့နဲ့ မိမိကလေးငယ်ကို ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတဲ့ရောဂါတွေက ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အကြံပြုချက်တွေကို လိုက်နာပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်း‌ဆောင်ရွက်ပေးဖို့ အသိပေးတိုက်တွန်းလိုပါတယ်။

 
 
 

 

 

 

 

 

 

 

 

 

 
 
 

 

 
 
 
 
 

 

 

 
 
 
 

 

 

 
 
 
 
 
 
 
 
 
 
 

 

 

 

 

 
 
 

 

 

 

 
 
 
 

 

 

 

 
 
 
 

 

 

 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

 
 

 

 

 

More Tags