ကူးစက်မြန်ကိုရိုနာအဆုတ်ရောင်ကပ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထုတ်ပြန်ချက်များအပေါ် ပြည်သူလူထုမှလိုက်နာ ဆောင်ရွက်နေမှုအခြေအနေကို လေ့လာသော သုတေသန

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးသုတေသနဦးစီးဌာနမှ ယခု စစ်တမ်းအား ပြည်သူလူထု၏ COVID-19 ရောဂါကာကွယ်ရေးအပြုအမူများကို သိရှိနိုင်ရန် ပြုလုပ်ခြင်းဖြစ်ပါသည်။ မေးခွန်းများကိုဖြေဆိုရန် (၅) မိနစ်မှ (၁၀) မိနစ်ခန့် ကြာနိုင်ပါသည်။ အဖြေကို ရွေးပေးရုံဖြစ်ပြီး အချိန်ပေးပြီး စာရိုက် ဖြေရမယ့် မေးခွန်းတွေမပါဝင်ပါဘူး။ အသေးစိတ်သိရှိလိုပါက အောက်ပါ link အတွင်းသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Unicode (ပြည်ထောင်စု) သို့မဟုတ် ဇော်ဂျီ ဖြင့်ကြိုက်နှစ်သက်ရာရွေးချယ်ဖြေဆိုနိုင်ပါသည်။

ဖြေဆိုရန် Link

Unicode (ပြည်ထောင်စု) - https://forms.gle/7LrkhiC5xgu2oqhs7

Zawgyi (ဇော်ဂျီ) - https://forms.gle/DCoqcYW2vQiZE6FK9

စစ်တမ်းစတင်ကောက်ယူချိန်မှ တစ်လအတွင်း (၂၀၂၀ ပြည့်နှစ် မေလ ၆ ရက် နေ့မှ ဇွန်လ ၆ ရက်ထိ) ကောက်ယူသွားမည်ဖြစ်ပါသည်။

     ယခုသုတေသနနှင့်ပတ်သက်ပြီး သိရှိလိုသည့်အချက်များရှိပါက (သို့မဟုတ်) စစ်တမ်းဖြေဆိုပြီးချိန်တွင် COVID-19 ကာကွယ်ထိန်းချုပ်ကုသခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်အကြံပြုချက်များရှိပါက ကျန်းမာရေးစနစ် သုတေသနဌာနခွဲ၊ ဆေးသုတေသနဦးစီးဌာန(ရန်ကုန်ရုံးချုပ်)သို့ e-mail: hsrdmr.ygn@gmail.com သို့ စာဖြင့် ဆက်သွယ်မေးမြန်းနိုင်သကဲ့သို့ တယ်လီဖုန်းနံပါတ် - ၀၁၃၇၅၄၅၇ လိုင်းခွဲနံပါတ် - ၁၁၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

More Tags