တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ (၁/၂၀၂၄) အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ ၁၀ ရက်

     တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို (၁၀-၄-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ်(၄၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေး ကော်မတီဥက္ကဌ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေး၊ တွဲဖက်အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)၊ ဒေါက်တာမြင့်မြင့်သန်းနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန၊ ပါမောက္ခ(ဆေးပညာဌာန) ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) နေပြည်တော်၊ တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနနှင့် ဆေးဝါးဗေဒဌာနမှ ပါမောက္ခ/ ဌာနမှူးများ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းများမှ ကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

More Tags