ကယားပြည်နယ်ကျန်းမာရေးစီမံကိန်း (၂၀၂၀-၂၀၂၁) အကြိုဆွေးနွေးခြင်း (Pre-meeting for Kayah State Health Plan (2020-2021) ကျင်းပပြုလုပ်

လွိုင်ကော်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၆) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၆-၈-၂၀၂၀) ရက်နေ့၌ ကယားပြည်နယ်ကျန်းမာရေးစီမံကိန်း (၂၀၂၀-၂၀၂၁) အကြိုဆွေးနွေးခြင်း (Pre-meeting for Kayah State Health Plan (2020-2021) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ်၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဝမ်း၊ ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ကယားပြည်နယ်ကျန်းမာရေးစီမံကိန်း(၂၀၂၀-၂၀၂၁) အတွက် ဆောင်ရွက်မည့်အစီအစဉ်၊ လိုအပ်သည့် ကိန်းဂဏန်းအချက်အလက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသည့် စီမံချက်တာဝန်ရှိသူများမှ စီမံကိန်းအတွက် ဆွေးနွေးကြပါသည်။ အခမ်းအနားသို့ ကျန်းမာရေး ဝန်ထမ်းများ၊ INGOအဖွဲ့မှ တာဝန်ခံများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပါသည်။

More Tags