သူနာပြု/သားဖွားကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက် ရန် တာဝန်ပေးအပ်ထားသည့်အဖွဲ့ ဖွဲ့စည်းခြင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သူနာပြုသားဖွား ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ပေးရန် တာဝန် ပေးအပ်ထားသည့်အဖွဲ့မှ သတင်းထုတ်ပြန်ကြေညာချက် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အဂတိလိုက်စားမှု အန္တရာယ်ကင်းရှင်းရေးအတွက် အကြံပြုချက်နှင့်အသိပေး တိုင်ကြားခြင်းများ ပြုလုပ်နိုင်ကြောင်းထုတ်ပြန်ခြင်း (၃-၁၂-၂၀၁၆) မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက်စစ်တမ်း(၂၀၁၅−၁၆) ပင်မအစီရင်ခံစာ ထုတ်ပြန်ဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ မိန့်ခွန်း (၂၀၁၇) ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သူနာပြု၊ သားဖွားဆိုင်ရာ သုတေသနဌာနခွဲများ အချိန်တိုအတွင်းဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်သော ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြား ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ဆေးလူမှုဆက်ဆံရေးလုပ်ငန်း နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခြင်း

Recent News

လွှတ်တော်ဆိုင်ရာ အမေးအဖြေများ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက် 09 Mar 2017

ဟင်္သာတမြို့နယ်၊ ယုန်သလင်းကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင့်ပတ်သက်၍ - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး (၁)ရုံ၊ ဓမ္ဘီတိုက်နယ်ဆေးရုံ၊ ဒူးယားတိုက်နယ်ဆေးရုံ၊ ရှားခဲတိုက်နယ်ဆေးရုံ၊ ထလုတ္ထော်တိုက်နယ်ဆေးရုံ၊ နိဗ္ဗာန်တိုက်နယ်ဆေးရုံ၊ ကြွက်ကျွန်းတိုက်နယ်ဆေးရုံနှင့် ဒါးကတိုက်နယ်ဆေးရုံ၊ စုစုပေါင်းဆေးရုံ (၈)ရုံ ဖွင့်လှစ်ထားရှိပြီး လူဦးရေ (၈၆၁၂၉)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်.....

Read more ...

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းထွေးသူ၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက် 09 Mar 2017

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ (၂၅)ခုတင်ဆံ့ဆေးရုံ (၃၀)ရာခိုင်နှုန်း ပြီးစီးနေသည့် ဆောက်လက်စအဆောက်အဦအား (၂၀၁၆-၂၀၁၇)၊ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ရာနှုန်းပြည့်ပြီးစီးအောင် ဆက်လက် ဆောက်လုပ်နိုင်ရေး ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းနှင့် ပတ်သက်၍ - ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် ဆေးရုံဆောက်လုပ်ခြင်းလုပ်ငန်း အတွက် (၂၀၁၄-၂၀၁၅)ခု၊ ဘဏ္ဍာနှစ်တွင် စီမံကိန်းခန့်မှန်းတန်ဘိုး (၄၅၀)ကျပ် သန်း လျာထားခဲ့ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၀၀)ချထားပေးခဲ့ပါတယ်.....

Read more ...

မွန်ပြည်နယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာအောင်ထွန်းခိုင်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက် 09 Mar 2017

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပလိုင်ကီးကျေးလက်ကျန်းမာရေးဌာနခွဲ (အသစ်)အား ပြည်ထောင်စုဘတ်ဂျက်မှ တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့်ပတ်သက်၍ - မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူဦးရေ (၁၅၂၄၈၅)ဦး၊ နေထိုင်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ (၁)ရုံ၊ လမိုင်းတိုက်နယ်ဆေးရုံ၊ ကျောင်းရွာတိုက်နယ်ဆေးရုံ၊ ခေါဇာတိုက်နယ်ဆေးရုံနှင့် ဒူးယားတိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ (၅)ရုံ၊ ကျေးလက်ကျန်းမာရေး ဌာန(၈)ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၃၇)ခု၊ မိခင်ကလေးကျန်းမာရေး ဌာန (၂)ခု ဖွင့်လှစ်ထားရှိပြီး ဆရာဝန် (၂၈)ဦး၊ သူနာပြု (၆၆)ဦး၊ ကျန်းမာရေးမှူး (၉)ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ (၁၀)ဦး၊ သားဖွားဆရာမ (၅၉)ဦး၊ ကျန်းမာရေးကြီးကြပ် (၂၀)ဦး၊ အခြားဝန်ထမ်း (၃၈)ဦး ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်.....

Read more ...

မွန်ပြည်နယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာအောင်ထွန်းခိုင်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက် 09 Mar 2017

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပလိုင်ကီးကျေးလက်ကျန်းမာရေးဌာနခွဲ (အသစ်)အား ပြည်ထောင်စုဘတ်ဂျက်မှ တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့်ပတ်သက်၍ - မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူဦးရေ (၁၅၂၄၈၅)ဦး၊ နေထိုင်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ (၁)ရုံ၊ လမိုင်းတိုက်နယ်ဆေးရုံ၊ ကျောင်းရွာတိုက်နယ်ဆေးရုံ၊ ခေါဇာတိုက်နယ်ဆေးရုံနှင့် ဒူးယားတိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ (၅)ရုံ၊ ကျေးလက်ကျန်းမာရေး ဌာန(၈)ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၃၇)ခု၊ မိခင်ကလေးကျန်းမာရေး ဌာန (၂)ခု ဖွင့်လှစ်ထားရှိပြီး ဆရာဝန် (၂၈)ဦး၊ သူနာပြု (၆၆)ဦး၊ ကျန်းမာရေးမှူး (၉)ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ (၁၀)ဦး၊ သားဖွားဆရာမ (၅၉)ဦး၊ ကျန်းမာရေးကြီးကြပ် (၂၀)ဦး၊ အခြားဝန်ထမ်း (၃၈)ဦး ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်.....

Read more ...

မွန်ပြည်နယ်၊ အမှတ်(၄)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေး၏ ကြယ်ပွင့်ပြမေးခွန်း ပြန်လည်ဖြေကြားချက် 23 Feb 2017

ချောင်းဆုံမြို့နယ်အတွင်းရှိ တော်ကနာ၊ ဒေါင်းဥ၊ ကုလားတို့၊ တောင်စွန်း၊ ကွမ်လှာနှင့် အဘစ်ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦများကို (၂၀၁၇-၂၀၁၈)ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ပတ်သက်၍ - ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့ နယ်တွင် တိုက်နယ်ကျန်းမာရေးဌာန (၃)ခု၊ ကျေးလက်ကျန်းမာရေးဌာန(၄)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၃၀)နှင့် မိခင်ကလေးကျန်းမာရေးဌာန (၁)ခုတို့ဖြင့် လူဦးရေစုစုပေါင်း (၁၅၈,၆၆၈)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဖော်ပြပါဌာနများအနက် အဆောက်အဦ ဆောက်လုပ်ပြီးစီးသော တိုက်နယ်ကျန်းမာရေးဌာန (၃)ခု၊ ကျေးလက်ကျန်းမာရေးဌာန (၄)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၄)ခုရှိပြီး အဆောက်အဦ မရှိသေးသော ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၆)ခုရှိပါတယ်.....

Read more ...

မွန်ပြည်နယ်၊ အမှတ်(၁)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက် 23 Feb 2017

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍ - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၂၀၁၇-၂၀၁၈) ခု၊ ဘဏ္ဍာရေးနှစ်၌ ဝန်ထမ်းအိမ်ရာများ တည်ဆောက် ရန်အတွက် ငွေကျပ်သန်းပေါင်း (၉၁၀၀) လျာထားတောင်းဆိုထားပါသည်။ အဆိုပါငွေဖြင့် ဝန်ထမ်းအိမ်ရာပေါင်း (၅) ထောင်ကျော် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ (၂၀၁၈-၂၀၁၉) ခု၊ ဘဏ္ဍာရေးနှစ်များတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် ဘဏ္ဍာငွေကို နှစ်ဆ သို့မဟုတ် သုံးဆ ပို၍ တင်ပြတောင်းခံမှာ ဖြစ်ပါတယ်။ အခြားအပိုင်းမှ ဘဏ္ဍာငွေကိုလျော့၍ စုစုပေါင်း တောင်းခံသည့် ဘဏ္ဍာငွေကို ပြောင်းလဲမှု မရှိရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်.....

Read more ...

မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၇)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက် 23 Feb 2017

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးတွင် အရာထမ်း၊ အမှုထမ်းနေအိမ်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းနှင့်ပတ်သက်၍- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် ညောင်ဦး ခုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် (၈)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာ (၂)လုံးနှင့် (၄)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံး တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကုသရေးဦးစီးဌာန၏ (၂၀၁၇-၂၀၁၈)ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတွင် ကျပ်သန်း(၅၀၀) ထည့်သွင်းတောင်းခံ ထားပြီးဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုချက် ရရှိပါက ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်.....

Read more ...

ကယားပြည်နယ်၊ အမှတ်(၅)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်ရှားမူ၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက် 23 Feb 2017

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ဆေးရုံတွင် (၂)ထပ်လူနာဆောင် လိုအပ် လျက်ရှိပါသဖြင့် ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် ပတ်သက်၍ - ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် လူဦးရေ(၂၉၃၇၄)ဦးရှိပြီး၊ (၂၅)ခုတင်ဆံ့ မြို့နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ ဖွင့်လှစ်ထားရှိပြီး ဆရာဝန် (၅)ဦး၊ သူနာပြု (၁၂)ဦး၊ အခြားဝန်ထမ်း (၃၅)ဦး၊ စုစုပေါင်း (၅၂)ဦးတို့ဖြင့် ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ ဖရူဆိုမြို့နယ်ဆေးရုံတွင် ဆေးရုံလုပ်ငန်း အညွှန်းကိန်းများအနေဖြင့် (၂၀၁၆)ခုနှစ်တွင် တစ်နေ့ပျမ်းမျှအတွင်း လူနာဦးရေ (၁၁)ဦး၊ ပျမ်းမျှပြင်ပလူနာ (၂၀)ဦးရှိပါတယ်.....

Read more ...

Latest Newsletter, delivered monthly: