ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၄)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဦးထိန်ဝင်း၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ ဒါးက ကျေးရွာတွင် (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ(၁)ရုံ အသစ်တိုးချဲ့ဖွင့်လှစ် ခွင့်ပြုကြောင်း အကြောင်းကြားစာရရှိပြီးဖြစ်သော်လည်း ယနေ့တိုင် ဆောက်လုပ်ခြင်းမရှိသည်မှာ မည်သည့်အတွက် ကြောင့် ဖြစ်ကြောင်း သိရှိ လိုခြင်းနှင့်ပတ်သက်၍ -

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ ဒါးကကျေးရွာတွင် (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ(၁)ရုံ အသစ်တိုးချဲ့ဖွင့်လှစ် ခွင့်ပြုကြောင်း အကြောင်းကြားစာရရှိပြီးဖြစ်သော်လည်း ယနေ့တိုင် ဆောက်လုပ်ခြင်း မရှိသည်မှာ ကုသရေးဦးစီးဌာန၏ ဘဏ္ဍာနှစ်အလိုက် ရရှိခဲ့သော ရန်ပုံငွေ အပေါ်မူတည်၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဦးစားပေးအစီအစဉ်များ အရ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရပါတယ်။ သို့ဖြစ်ပါ၍ ကုသရေးဦးစီးဌာန၏ (၂၀၁၇-၂၀၁၈)ခု၊ ဘဏ္ဍာနှစ်တွင် ဟင်္သာတမြို့နယ်၊ ဒါးက တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် လျာထား တင်ပြပေးမည်ဖြစ်ပြီး ခွင့်ပြုမိန့် မရရှိပါက (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာနှစ်တွင် ထည့်သွင်းတောင်းခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

More Tags