ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     ဟင်္သာတမြို့နယ်၊ ယုန်သလင်းကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင့်ပတ်သက်၍ -

  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး (၁)ရုံ၊ ဓမ္ဘီတိုက်နယ်ဆေးရုံ၊ ဒူးယားတိုက်နယ်ဆေးရုံ၊ ရှားခဲတိုက်နယ်ဆေးရုံ၊ ထလုတ္ထော်တိုက်နယ်ဆေးရုံ၊ နိဗ္ဗာန်တိုက်နယ်ဆေးရုံ၊ ကြွက်ကျွန်းတိုက်နယ်ဆေးရုံနှင့် ဒါးကတိုက်နယ်ဆေးရုံ၊ စုစုပေါင်းဆေးရုံ (၈)ရုံ ဖွင့်လှစ်ထားရှိပြီး လူဦးရေ (၈၆၁၂၉)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။ ဟင်္သာတမြို့နယ်၊ ယုန်တလင်းကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေးဌာနပိုင်နယ်မြေတွင် ကျေးရွာအုပ်စုပေါင်း (၁၁)အုပ်စု၊ ကျေးရွာပေါင်း (၉၇)ရွာ၊ အိမ်ခြေ(၇၄၀၂)အိမ်၊ လူဦးရေ (၃၂၀၂၀)ဦးရှိပါတယ်။ ယုန်တလင်းကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေးဌာနသည် ဟင်္သာတမြို့နယ်၊ ခုတင်(၂၀၀)ဆံ့ဆေးရုံကြီးနှင့် (၁၄)မိုင်၊ ရှားခဲတိုက်နယ်ဆေးရုံနှင့် (၁၄)မိုင်၊ တလုပ်ထော်တိုက်နယ်ဆေးရုံနှင့် (၁၃)မိုင်၊ အိုင်သပြုတိုက်နယ်ဆေးရုံနှင့် (၁၂)မိုင်၊ ခမောက်စုကျေးလက်ကျန်းမာရေးဌာနနှင့် (၄)မိုင်၊ နိဗ္ဗာန်တိုက်နယ် ဆေးရုံနှင့် (၃.၅)မိုင်၊ မိနစ် (၃၀)ခန့်သာ သွားလာနိုင်သဖြင့် ယုန်တလင်းကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 
 

More Tags