ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ၏ ကြယ်ပွင့်မေးခွန်းအား ပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျာခင်ဗျား။

     ကျွန်တော်အနေနဲ့ မြောင်းမြမြို့နယ်၊ ကွမ်းခြံကြီးကျေးရွာအုပ်စုနှင့် ငါးမြင်းချောင်းကျေးရွာအုပ်စုတို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတို့အား ကျေးလက်ကျန်းမာရေးဌာန (Rural Health Center)အဖြစ် အဆင့်တိုးမြှင့်ရန် အစီအစဉ် ရှိ/မရှိနှင့်ပတ်သက်ပြီး ဖြေကြားမှာ ဖြစ်ပါတယ်။

     ၁။ ကျွန်တော့်အနေနဲ့ ဒီဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှာဆိုရင် ပြည်သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး အဆင့်အတန်း တော်တော် အဆင့်အတန်း မြင့်မြင့်လေးပေးနေပါတယ်။ ဆိုလိုတာက မြောင်းမြမြို့နယ်၊ တိုက်နယ်ကျန်းမာရေးဌာန(၃)ခုရှိပါတယ်။ ကျေးလက်ကျန်းမာရေးဌာန (၁၁)ခုရှိပါတယ်။ ကျေးလက်ကျန်းမာရေးဌာနခွဲ (၆၄)ခုရှိပါတယ်။ မိခင်နှင့်ကလေးကျန်းမာရေးဌာန (၁)ခုရှိပါတယ်။ ကျောင်းကျန်းမာရေးဌာန(၁)ခု၊ ဒေသန္တရကျန်းမာရေးဌာန (၁)ခု ရှိပြီးတော့ ပြည်သူ့ကျန်းမာရေးဝန်ထမ်း ဆရာဝန်မပါပါ။ ပြည်သူ့ကျန်းမာရေးဝန်ထမ်းနဲ့ မြို့နယ်သူနာပြု (Township Health Nurse) (၁)ဦး၊ ကျန်းမာရေးမှူး(၁)ဦး၊ လက်ထောက်ကျန်းမာရေးမှူး (၁၀)ဦး၊ Public Health Supervisor အဆင့်(၁) (၂)ဦး၊ Lady Health Visitor အမျိုးသမီးကျန်းမာရေးဆရာမ (၅)ဦး၊ သားဖွားဆရာမ (၇၁)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂(၁၂)ဦးတို့ဖြင့် မြောင်းမြမြို့နယ်ရှိ လူဦးရေပေါင်း (၂၇၀၀၀၀)ကျော်တို့အား ပြည်သူ့ကျန်းမာရေးများ စောင့်ရှောက်လျက်ရှိပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြတဲ့အတိုင်း ကွမ်းခြံကြီး ကျေးလက်ကျန်းမာရေးဌာနခွဲနဲ့ ငါးမြင်းချောင်း ကျေးလက်ကျန်းမာရေးဌာနခွဲတို့ကို လေ့လာကြည့်ပါတယ်။ ‌ကျေးလက်ကျန်းမာရေးဌာနခွဲကနေပြီးတော့‌ကျေးလက်ကျန်းမာ ရေးဌာနပေါ့ Sub Center ကနေ Rural Health Center ကို တိုးမယ်ဆိုလို့ရှိရင် Criteria (၅)ချက်ရှိပါတယ်။ (၁)ဖွင့်လှစ်မယ့်နေရာမှာ လုံခြုံမှုရှိရမယ်။ ကျေးရွာအုပ်စု (၁၀)စုကနေ (၁၅)စုအထိ တာဝန်ယူနိုင်ရမယ်။ သာမန်အားဖြင့် လူဦးရေ (၁၀၀၀၀) ကနေ (၁၅၀၀၀)ထိ ရှိရမယ်။ အနီးအနားမှာရှိတဲ့ကျေးရွာကနေပြီးတော့ Sub Center ပေါ့လေ ဌာနခွဲကိုလာတဲ့ လမ်းပမ်းဆက်သွယ်မှုကောင်းရမယ်။ ဒီဌာနခွဲကလည်း နီးစပ်ရာတိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံကိုသွားတဲ့လမ်းပမ်းဆက်သွယ်ရေးက ကောင်းရမယ်။ မူလက ကျေးလက်ကျန်းမာရေးဌာနခွဲ Sub Center ရှိပြီးဖြစ်ရမယ်။ အဲတော့ ဒီ(၅)ချက်နဲ့ကြည့်လိုက်တဲ့အခါမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ ကွမ်းခြံကြီးကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ငါးမြင်းချောင်းကျန်းမာရေးဌာနခွဲ (၂)ခုစလုံးဟာ ကိုက်ညီတာကို တွေ့ရတဲ့အတွက် ကျွန်တော်တို့က ဒါကို ထောက်ခံပါတယ်။ အဲဒီအတွက်ကြောင့် ကွမ်းခြံကြီးကျေးလက်ကျန်းမာရေးဌာနခွဲ ကိစ္စအတွက်ကို ကျွန်တော်တို့က (၁-၃-၂၀၁၇)နေ့စွဲပါစာအမှတ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရကို မေးထားပါတယ်။ တိုင်းဦးစီးမှူးကို မေးထားပါတယ်။ စာပြန်လာလို့ရှိရင် သူတို့ထောက်ခံတယ်ဆိုရင် ကျွန်တော်တို့ ဆက်လက်ပြီး လုပ်ပေးပါမယ်။ ငါးမြင်းချောင်းကျန်းမာရေး ဌာနခွဲအတွက်ကတော့ ကျွန်တော်တို့ဆီကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူးမှလည်း (၂၆-၁-၂၀၁၇)နှင့် ထောက်ခံတင်ပြထားတာ၊ ဆိုလိုရင်းကတော့ ဒီနှစ်ခုစလုံးကို Rural Health Center ကျေးလက်ကျန်းမာရေးဌာနအဖြစ် ပြုလုပ်ပေးဖိုရှိပါတယ်။ ဟိုက စာပြန်လာလို့ရှိရင် ကျွန်တော်တို့ process ဆက်လုပ်မယ်။ လုပ်ပြီးရင် (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့ ဘဏ္ဍာငွေတောင်းပြီး တော့ ဆက်လက်ဆောက်ပေးမှာ ဖြစ်ပါတယ်။ အဲဒါကို လေးစားစွာ တင်ပြအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

 

More Tags