လွှတ်တော်ကိုယ်စားလှယ်ကြီး၊ ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်) မေးခွန်းအား ပြန်လည်ဖြေကြားခြင်း။

   

     အဲဒီတော့ ဥပဒေတစ်ခုအသစ်ရေးဆွဲမယ်ဆိုရင် ကျွန်တော်တို့ Flow Chart ရှိပါတယ်။ ပထမဆုံး ကျွန်တော်တို့ လုပ်နိုင်တဲ့ပင်ကိုယ်ပေါ့လေ။ သက်ဆိုင်ရာ ဦးစီးဌာန (သို့မဟုတ်) ဝန်ကြီးဌာန (သို့မဟုတ်)၊ ကြီးကြပ်သောအသင်းအဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ မူကြမ်းဆွဲပါတယ်။ မူကြမ်းဆွဲပြီးရင် ဒီမှာဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံကျန်းမာရေးမှူးများ အသင်းနဲ့ဆွဲမယ်။ ကျန်းမာရေး ကောင်စီဥပဒေဆိုလို့ရှိရင် ပြီးရင် ကျွန်တော်တို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြရပါမယ်။ အဲဒီတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပြင်ဆင်တဲ့အချက်တွေကို ကျွန်တော်တို့ ပြင်ပါတယ်။ ပြင်ပြီးမှ အသွားအလာရှိပါတယ်။ နှစ်ခါ၊ သုံးခါ ဖြစ်နိုင်တယ်။ တစ်ခါတည်းလည်း ပြတ်သွားနိုင်တယ်။ ပြီးလို့ရှိရင် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီကို တင်ပြရပါတယ်။ ဒီကော်မတီက approve ဖြစ်ရင်  လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကနေ လိုအပ်သလို လမ်းညွှန်ပြီး ဝန်ကြီးဌာနကတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို အစည်းအဝေးကို တဆင့် တင်ပြရပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူပြီးဆိုရင် လွှတ်တော်ကို တင်ပြရပါတယ်။ လွှတ်တော်မှာအကျေအလည် ဆွေးနွေးပြီးမှ ဆက်လက်လုပ်တဲ့အတွက် အတိအကျတော့ ကျွန်တော်က ပြောလို့မရဘူး။ သို့သော် အမြန်ဆုံးတော့ လုပ်ပေးပါမယ်။ အခုဟာက ကျန်းမာရေးမှူးကော်မတီက နောက်ဆုံးအဆင့်ရောက်နေပါပြီ။ ဒီအဆင့်ပြီးတာနဲ့ ကျွန်တော်တို့က လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို တင်တာမကြာပါဘူး။ အဲဒါပြီးရင် ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း မကြာတော့ လွှတ်တော်မှာ ဆွေးနွေးဖို့အချိန် ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော်မသိပါဘူး။ လွှတ်တော်မှာ အခြေအနေ ကောင်းရင် မြန်မြန်ဆွေးနွေးရင် မြန်မြန်ဖြစ်ပါတယ်။ ဒါအမြန်ဆုံးလည်း ဖြစ်ချင်ပါတယ်။ တပြိုင်တည်းမှာ ကျွန်တော်တို့က ကျန်းမာရေးမှူးတင် မကပါဘူး အဓိကက သူနာပြုနဲ့ ဆရာဝန်တွေက ပြဿနာအများဆုံးဖြစ်ပါတယ်။ ကျန်းမာရေးမှူးအနေနဲ့ ကျွန်တော် ဆရာဝန်သက်တမ်းတလျှောက်မှာ ပြဿနာအကြီးအကျယ် ဘာမှမရှိပါဘူး။ ကျန်းမာရေးမှူးနဲ့ ပြည်သူကတော်တော် အဆင်ပြေနေတာကို တွေ့ရပါတယ်။
 

ကျေးဇူးတင်ပါတယ်။

 
 

More Tags