ရခိုင်ပြည်နယ်၊ အမှတ်(၂)မဲဆန္ဒနယ်၊ ပေါက်တောမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသောအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဖြစ်ပါတယ်။

     ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခေါ်) မြေငူကျွန်း၊ ပြိုင်းတောင်ကျေးရွာအုပ်စုတွင် တည်ရှိသော ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ် -

     ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် တိုက်နယ်ကျန်းမာရေးဌာန (၁)ခု၊ ကျေးလက်ကျန်းမာရေးဌာန (၆)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၃၆)ခု၊ မိခင်ကလေးကျန်းမာရေးဌာန (၁)ခုဖွင့်လှစ်ထားရှိပါတယ်။ ပြည်သူ့ကျန်းမာရေးဝန်ထမ်းအင်အားမှာ လက်ထောက်ကျန်းမာရေးမှူး(၆)ဦး၊ မြို့နယ်သူနာပြု အဆင့်(၁) (၁)ဦး၊ ကျန်းမာရေးမှူး(၃) (ကြီးကြပ်-၁) (၁)ဦး၊ သူနာပြု(၃)(ကျန်းမာရေးဆရာမ) (၄)ဦး၊ သူနာပြု(၄) (သားဖွားဆရာမ) (၃၅)ဦး၊ ကျန်းမာရေးမှူး(၄) (ကြီးကြပ်-၂) (၄၂)ဦးတို့ဖြင့် လူဦးရေစုစုပေါင်း(၁၉၇,၀၉၆)ဦးတို့အား ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

     ၂။ ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးလက်ကျန်းမာရေးဌာနခွဲသည် ဆင်တက်မော်ကျေးလက်ကျန်းမာရေးဌာနအောက်တွင်ရှိသော ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုဖြစ်ပါတယ်။ ဆင်တက်မော်ကျေးလက်ကျန်းမာရေးဌာနတွင် (ယာတိုက်၊ ချီဝေ၊ ဝါးလန်း၊ ပြိုင်းတောင်နှင့် စိုးမဲကျီ) ကျေးလက်ကျန်းမာရေးဌာနခွဲများ ရှိပါတယ်။ ဆင်တက်မော်ကျေးလက်ကျန်းမာရေးဌာနတွင် ကျွန်း (၂)ကျွန်း၊ ကျေးရွာပေါင်း (၄၂)ရွာ၊ အိမ်ခြေ(၈၈၂၆)အိမ်၊ လူဦးရေ(၄၄၃၀၇)ဦး ရှိပါတယ်။

       ၁။ ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်ရန် ဒေသရွေးချယ်ရေးအချက်အလက်များ                                       

စဉ်

ကျေးလက်ကျန်းမာရေး ဌာနဖွင့်လှစ်ရန်အခြေခံမူ

ပြိုင်းတောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနသို့
အဆင့်တိုးမြှင့်ရန်

အခြေခံမူနှင့်
ကိုက်ညီမှု

၁။

ဌာနအသစ်ဖွင့်လှစ်မည့်ကျေးရွာသည်လုံခြုံမှုရှိ ခြင်း။

ဌာနအသစ်ဖွင့်လှစ်မည့်ကျေးရွာသည်လုံခြုံမှုရှိပါသည်။

ရှိ

၂။

ယင်းကျေးရွာသည် ကျေးရွာအုပ်စု(၁၀)စုမှ (၁၅) အုပ်စုထိသွားလာ လုပ်ကိုင်နိုင်သောနေရာဖြစ်ခြင်း။

ယင်းကျေးရွာသည်ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်ပါက ပြိုင်းတောင်ကျေးရွာအပါအဝင်ကျေးရွာပေါင်း(၅)ရွာရှိမည်ဖြစ်ပါသည်။

မရှိ

၃။

သာမန်အားဖြင့်  လူဦးရေ (၁)သောင်းမှ (၁သောင်း၅ထောင်)
အတွင်းရှိခြင်း။

  လူဦးရေ(၈၀၁၀)ဦးခန့်အားကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံ
  ပေးနိုင်မည်ဖြစ်ပါသည်။

မရှိ

၄။

အနီးအနားကျေးရွာများမှ ယင်းကျေးရွာများသို့ သွားလာမှုလွယ်ကူ၍ ဗဟို အချက်အခြာကျပြီး တိုက်နယ်ဆေးရုံ(သို့) မြို့နယ်ဆေးရုံများသို့ လူနာများထပ်ဆင့်ပို့ဆောင်ရေးအတွက်လမ်းပန်းဆက်သွယ်မှုရှိခြင်း။

မြေပြင်အခြေအနေအရအခြားကျေးရွာများနှင့် လမ်းပန်းဆက်သွယ်ရေး
ခက်ခဲပါသည်။

မရှိ

၅။

ကျေးလက်ကျန်းမာရေး ဌာနခွဲ (Sub Center) ဖွင့်လှစ်ထားပြီးဖြစ်သောကျေးရွာဖြစ်ခြင်း။

ကျေးလက်ကျန်းမာရေးဌာနခွဲ (Sub Center) ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

ရှိ

 

     မှတ်ချက်။              ။ ပြိုင်းတောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ရန် အခြေခံမူ (၅)ချက်အနက် (၂)ချက်သာ ကိုက်ညီမှုရှိပါသည်။

                       ၂။ ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်ရန် ဒေသရွေးချယ်ရေးအချက်အလက်များ

စဉ်

ကျေးလက်ကျန်းမာရေး ဌာနခွဲဖွင့်လှစ်ရန် အခြေခံမူ

ယာတိုက်ကျေးရွာတွင်ကျေးလက်ကျန်းမာရေး

ဌာနသို့အဆင့်တိုးမြှင့်ရန်

အခြေခံမူနှင့်

ကိုက်ညီမှု

၁။

ဌာနအသစ်ဖွင့်လှစ်မည့်ကျေးရွာသည်လုံခြုံမှုရှိခြင်း။

ဌာနအသစ်ဖွင့်လှစ်မည့်ကျေးရွာသည်လုံခြုံမှုရှိပါသည်။

ရှိ

၂။

ယင်းကျေးရွာသည် ကျေး ရွာအုပ်စု(၁၀)စုမှ (၁၅) အုပ်စုထိသွားလာလုပ်ကိုင်နိုင်သောနေရာဖြစ်ခြင်း။

ယင်းကျေးရွာသည် ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ် ပါက ယာတိုက်ကျေးရွာအပါအဝင် ကျေးရွာပေါင်း (၂၈)ရွာ ရှိမည်ဖြစ်ပါသည်။

ရှိ

၃။

သာမန်အားဖြင့် လူဦးရေ (၁)သောင်းမှ(၁သောင်း ၅ထောင်) အတွင်းရှိခြင်း။

လူဦးရေ(၂၂၁၇၂)ဦးခန့်အား ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်မည်ဖြစ်ပါသည်။

ရှိ

၄။

အနီးအနားကျေးရွာများမှ ယင်းကျေးရွာများသို့ သွားလာမှုလွယ်ကူ၍ ဗဟို အချက်အခြာကျပြီး တိုက်နယ်ဆေးရုံ(သို့) မြို့နယ်ဆေးရုံများသို့ လူနာများထပ်ဆင့်ပို့ဆောင်ရေးအတွက်လမ်းပန်းဆက်သွယ်မှုရှိခြင်း။

ပထဝီအနေအထားအရလမ်းပန်းဆက်သွယ်ရေး
အချက်အချာကျပါသည်။

ရှိ

၅။

ကျေးလက်ကျန်းမာရေးဌာနခွဲ (Sub Center) ဖွင့်လှစ်ထားပြီးဖြစ်သောကျေးရွာဖြစ်ခြင်း။

ကျေးလက်ကျန်းမာရေးဌာနခွဲ (Sub Center) ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

ရှိ

 

                       မှတ်ချက်။ ။ ယာတိုက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်ရန် အခြေခံမူ (၅)ချက်လုံးနှင့် ကိုက်ညီမှုရှိပါသည်။

     ၃။ ပြိုင်းတောင်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ယာတိုက်ကျေးလက် ကျန်းမာရေးဌာနခွဲတို့အား နှိုင်းယှဉ်၍ စိစစ်ရာတွင် ယာတိုက်ကျေးလက်ကျန်းမာရေးဌာနခွဲသည် ကျေးလက်ကျန်းမာရေး ဌာနဖွင့်လှစ်ရန် အခြေခံမူ(၅)ချက်လုံးနှင့် ကိုက်ညီမှုရှိခြင်း၊ ပထဝီအနေအထားအရ လမ်းပန်းဆက်သွယ်ရေးအချက်အခြာကျခြင်း၊ လူဦးရေနှင့် ကျေးရွာများတည်ရှိပုံ သိပ်သည်းခြင်းတို့ကြောင့် လူဦးရေလွှမ်းခြုံမှု ပိုမိုအားကောင်းပါသဖြင့် ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးသင့်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံတင်ပြထားပါတယ်။ ထိုကဲ့သို့ ယာတိုက်ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ဖွင့်လှစ်ပြီးပါက ပြိုင်းတောင်ကျေးလက်ကျန်းမာရေးဌာနခွဲကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံ ပေးနိုင်မည်ဖြစ်ပါသဖြင့် ပြိုင်းတောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနအဆင့် တိုးမြှင့်ဖွင့်လှစ်ရန် လက်တလော မလိုအပ်သေးပါကြောင်း တင်ပြထားပါတယ်။

     ၄။ သို့ဖြစ်ပါ၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံတင်ပြထားသော ယာတိုက်ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိရန်အတွက် (၂၄-၇-၂၀၁၇)ရက်စွဲပါစာအမှတ်၊ ၁၁၉ဖခ(ဃ)၂၀၁၇(၂၆၆၇)/ ၁၂၄၀၆ ဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သဘောထားမှတ်ချက်တောင်းခံခဲ့ရာ ပြန်ကြားပြီးဖြစ်ပါသဖြင့် ဥက္ကဌ၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့သို့လည်းကောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန) များသို့လည်းကောင်း ပေးပို့၍ သဘောထားမှတ်ချက်များတောင်းခံပြီး ပြန်ကြားချက် (ထောက်ခံချက်) ရရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

     အားလုံးကိုကျေးဇူးတင်ပါတယ်။

More Tags