မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၇)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးတွင် အရာထမ်း၊ အမှုထမ်းနေအိမ်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းနှင့်ပတ်သက်၍-

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် ညောင်ဦး ခုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် (၈)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာ (၂)လုံးနှင့် (၄)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံး တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကုသရေးဦးစီးဌာန၏ (၂၀၁၇-၂၀၁၈)ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတွင် ကျပ်သန်း(၅၀၀) ထည့်သွင်းတောင်းခံ ထားပြီးဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုချက် ရရှိပါက ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

 

More Tags