ကယားပြည်နယ်၊ အမှတ်(၅)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်ရှားမူ၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ဆေးရုံတွင် (၂)ထပ်လူနာဆောင် လိုအပ် လျက်ရှိပါသဖြင့် ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် ပတ်သက်၍ -

     ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် လူဦးရေ(၂၉၃၇၄)ဦးရှိပြီး၊ (၂၅)ခုတင်ဆံ့ မြို့နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ ဖွင့်လှစ်ထားရှိပြီး ဆရာဝန် (၅)ဦး၊ သူနာပြု (၁၂)ဦး၊ အခြားဝန်ထမ်း (၃၅)ဦး၊ စုစုပေါင်း (၅၂)ဦးတို့ဖြင့် ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ ဖရူဆိုမြို့နယ်ဆေးရုံတွင် ဆေးရုံလုပ်ငန်း အညွှန်းကိန်းများအနေဖြင့် (၂၀၁၆)ခုနှစ်တွင် တစ်နေ့ပျမ်းမျှအတွင်း လူနာဦးရေ (၁၁)ဦး၊ ပျမ်းမျှပြင်ပလူနာ (၂၀)ဦးရှိပါတယ်။ ခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်းအနေဖြင့် (၄၃)ရာခိုင်နှုန်း သာရှိပါတယ်။ လက်ရှိတွင် ဆေးရုံအတွင်းလူနာ ဦးရေမှာ (၁၁)ဦးခန့်သာ ရှိပါသဖြင့် (၂)ထပ် လူနာဆောင်သစ်ဆောက်လုပ်ပေးရန် လိုအပ်မှုမရှိသေး ကြောင်း စိစစ်တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ (၂)ထပ် လူနာဆောင်သစ်ဆောက် လုပ်ပေးရန် အစီအစဉ် မရှိသေးသော်လည်း ဆေးရုံလုပ်ငန်း ဆောင်ရွက်မှုများကို တိုးတက်စေရန် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပြီး အတွင်းလူနာဦးရေ တိုးတက်များပြားလာပါက လူနာဆောင်သစ် ဆောက်လုပ်ပေးရန် စီစဉ်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

More Tags