ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းထွေးသူ၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

    ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ (၂၅)ခုတင်ဆံ့ဆေးရုံ (၃၀)ရာခိုင်နှုန်း ပြီးစီးနေသည့် ဆောက်လက်စအဆောက်အဦအား (၂၀၁၆-၂၀၁၇)၊ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ရာနှုန်းပြည့်ပြီးစီးအောင် ဆက်လက် ဆောက်လုပ်နိုင်ရေး ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းနှင့် ပတ်သက်၍ -

   ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် ဆေးရုံဆောက်လုပ်ခြင်းလုပ်ငန်း အတွက် (၂၀၁၄-၂၀၁၅)ခု၊ ဘဏ္ဍာနှစ်တွင် စီမံကိန်းခန့်မှန်းတန်ဘိုး (၄၅၀)ကျပ် သန်း လျာထားခဲ့ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၀၀)ချထားပေးခဲ့ပါတယ်။ လူနာဆောင် (၁)ဆောင် အဆောက်အဦ၏ (၃၀)ရာခိုင်နှုန်းခန့်၊ ရှေ့မျက်နှာစာ အုတ်ခြံစည်းရိုး ပေ(၆၀၀)ခန့်၊ ဂါလံ(၁၅၀၀)ဆံ့ (၁၈)ပေအမြင့်ရှိ သံကူ ကွန်ကရစ်ရေစင်၊ ဂါလံ(၂၀၀၀)ဆံ့ မြေအောက်ရေလှောင်ကန်တို့ ဆောက်လုပ် ပြီးစီးခဲ့ပါသဖြင့် လုပ်ငန်း၏ (၄၄)ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပါတယ်။ ဆေးရုံပင်မ ဆောင်၊ ခွဲစိတ်ဆောင်၊ မွေးဖွားဆောင်၊ အမျိုးသမီးလူနာဆောင်များ ဆက်လက် ဆောက်လုပ်ရန် လိုအပ်နေပါသောကြောင့် ဆက်လက် ဆောက်လုပ်ပေးနိုင်ရေး အတွက် (၂၀၁၆-၂၀၁၇)ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ကျပ်သန်း (၁၀၀) ရရှိခဲ့ပြီး ဆက်လက်ဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းအပြင် လုပ်ငန်းဆောင်ရွက်ရမည့်ကာလ တိုတောင်းသည့်အတွက် (၂၀၁၆-၂၀၁၇)ခု၊ ဘဏ္ဍာရေးနှစ်တွင် ပါရှိသော ရန်ပုံငွေကျပ်သန်း(၁၀၀)အား အပြည့်အဝသုံးစွဲနိုင်ခြင်းမရှိပါက စီမံကိန်းခန့်မှန်းတန်ဘိုးနှင့် အနီးစပ်ဆုံး ကိုက်ညီမှုရှိစေရန် (၂၀၁၇-၂၀၁၈)ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၂၅၀) ထပ်မံ တောင်းခံထားပြီး လုပ်ငန်းဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

More Tags