ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇုံးတိန့်၏ ကြယ်ပွင့်ပြမေးခွန်းအားပြန်လည်ဖြေကြားချက်

     ၁။ လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျ ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် ရှိသင့်၊ ရှိထိုက်သော ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် အထူးကုဆရာဝန်ကြီးများ အမြန်ခန့်ထားပေးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ အစီအစဉ် ရှိ၊မရှိ ပတ်သက်၍ ဖြေကြားမည် ဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းနှင့်ပြည်နယ်အဆင့် ခုတင်(၅၀၀) (၉)ရုံ ရှိပါတယ်။ တိုင်းနှင့်ပြည်နယ်အဆင့် ခုတင်(၂၀၀)ရှိတဲ့ ဆေးရုံကြီး (၅)ရုံ ရှိပါတယ်။ ထို့အပြင် ဗဟိုအဆင့်ဆေးရုံကြီး (၁၀)ရုံရှိပါတယ်။ အထူးကု ဆေးရုံမပါပါဘူး။ အထူးကုဆေးရုံ(၃၀)ရှိပါတယ်။ မြို့နယ်ဆေးရုံတွေ၊ တိုက်နယ်ဆေးရုံတွေ (၁၁၂၃)ရုံ ရှိပါတယ်။ တိုင်းနှင့် ပြည်နယ်အဆင့် ခုတင်(၅၀၀)၊ (၂၀၀) အပြင် ဗဟိုအဆင့်ဆေးရုံကြီး (၁၀)ရုံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးတဲ့အတိုင်း ကျွန်တော်တို့က ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ဆရာဝန်များ တာဝန်ချထားပေးရပါတယ်။ အဲဒီတော့ မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် အပြည့်အစုံတာဝန် ချထားပေးမယ်ဆိုတာ ယခု အခြေအနေနဲ့မရနိုင်သေးတဲ့ အကြောင်းရှိပါတယ်။ ဒီမြစ်ကြီးနား ဆေးရုံကြီးသည် ၂၀၁၅ ခုနှစ်ကမှ ခုတင် (၂၀၀)မှ ခုတင်(၅၀၀) ဖြစ်သွားပါတယ်။ ခုတင်(၂၀၀)အချိန်မှာ ဝန်ထမ်း (၅၉၄)ဦးကနေ ခုတင်(၅၀၀)ဖြစ်တဲ့အချိန်မှာ ဝန်ထမ်းဟာ (၈၈၂)ဦး ဖြစ်သွားပြီးတော့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ အထူးကုဘာသာရပ်က (၂၈)မျိုး ကျွန်တော်တို့ ပေးရပါတယ်။ (၁) နှစ်အတွင်းမှာ ဒီလောက်ပေးလို့ မရပါဘူး။ ကျွန်တော် ရိုးသားစွာ တင်ပြရမယ်ဆိုလို့ရှိရင် ပြည်နယ်/ တိုင်း တစ်ခုမှာ ခုတင်(၅၀၀)ရှိလို့ရှိရင် နောက် ပြည်နယ်/ တိုင်း တစ်ခုကလည်း ခုတင်(၅၀၀)တောင်းပါတယ်ခင်ဗျ။ ကျွန်တော်တို့က မပေးလို့မရတဲ့ အတွက် ပေးလိုက်တဲ့အခါမှာ လူဖြည့်ဖို့ခက်ပါတယ်။ ပစ္စည်းကိရိယာ၊ ဆေးပစ္စည်းက ပေးလို့ရပါတယ်။ လူကဖြည့်လို့ မရပါဘူး။ အဲဒီတော့ တကယ့်တကယ်တော့ အမှန်လိုမှသာလျင် ဒီခုတင်ကြီးဟာ (၂၀၀) မှ (၅၀၀)၊ (၁၀၀) မှ (၂၀၀) အဲလို စတောင်းသင့်ပါတယ်။ မဟုတ်လို့ရှိရင် အလွန်ခက်ပါတယ်။ ကျွမ်းကျင့်ဆရာမ၊ ကျွမ်းကျင်ဆရာဝန် (technician)တွေကို ချက်ချင်းခန့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်မဖြစ်နိုင်လည်းဆိုတော့ သို့သော်လည်း ကျွန်တော်တို့ အနေဖြင့် အများကြီး တိုးထုတ်နေပါတယ်။ ၂၀၁၇ ခုနှစ်မှာ အထူးကု ဆရာဝန် (၆၄၂)ဦး ထွက်ပါမယ်။ ၂၀၁၈ ခုနှစ်မှာ အထူးကုဆရာဝန် (၈၂၀)ဦး ထွက်ပါမယ်။ ၂၀၁၉ ခုနှစ်မှာ အထူးကုဆရာဝန် (၇၆၇)ဦး ထွက်ပါမယ်။ ဒီလိုထွက်တဲ့အခါမှာတော့ အချိန်အခါအခြေ အနေအရ ခုနကဆေးရုံတွေအားလုံးမှာ ကြည့်ပြီး ကျွန်တော်တို့က တာဝန်ချပေးမှာဖြစ်ပါတယ်။ မြစ်ကြီးနားဆေးရုံကို ကျွန်တော် ကြည့်လိုက်တဲ့ အခါမှာတော့ ဆေးပညာအထူးကု (၃)ဦးရှိပါတယ်။ ခွဲစိတ်အထူးကု (၃)ဦးရှိပါတယ်။ ကလေးအထူးကု(၃)ဦးရှိပါတယ်။ သားဖွားမီးယပ် အထူးကု(၄)ဦးရှိပါတယ်။ အရိုးအထူးကု(၂)ဦး၊ ဓါတ်မှန် အထူးကု (၃)ဦး၊ မေ့ဆေးအထူးကု(၂)ဦး၊ ရောဂါဗေဒ(၂)ဦး၊ နား နှာခေါင်း လည်ချောင်း(၂)ဦး၊ မျက်စိအထူးကု(၁)ဦး၊ သွားအထူးကု (၁)ဦး၊ အဏုဇီဝ(Microbiologic) (၁)ဦး၊ ပြန်လည်သန်စွမ်းရေး(Re-hab) အထူးကုဆရာဝန်(၁)ဦး၊ ဦးနှောက်အာရုံကြောအထူးကုဆရာဝန် (၁)ဦး၊ ကင်ဆာအထူးကု(၁)ဦး၊ စိတ်ရောဂါအထူးကု(၁)ဦး၊ နောက်ပြီး မှုခင်း ဆရာဝန်ကြီး (၁)ဦးတို့ တာဝန်ထမ်းလျက်ရှိပါယ်။ ကျန်တဲ့ဟာ တွေကတော့ မရှိသေးပါဘူး။ အဲဒီတော့ ကျွန်တော့်အနေနဲ့ တစ်ခု အထူးတင်ပြလိုတာက ဒီအထူးကုဘာသာရပ်အတွက် ပါရဂူ သင်တန်း၊ ဘွဲ့လွန်သင်တန်းအတွက်ကတော့ နိုင်ငံငံအနေနဲ့ကြည့်မယ်ဆို ရင်တော့ အနည်းငယ်နည်းနေပါတယ်။ ဒါဖြစ်တာဘာကြောင့်ဖြစ်လဲ ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ အရင် Human Resource for Health Plan ရှိခဲ့ပါတယ်။ အလွန်လည်းကောင်းပါတယ်။ အဲဒီ Plan အတိုင်း ကျွန်တော်တို့က မကျင့်သုံးလို့ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် Human Resource for Health Plan ၂၀၁၈ ခုနှစ်ကနေပြီးတော့ ၂၀၂၁ ခုနှစ်အတွက်ကို စဆွဲနေပါပြီ။ သြဂုတ်လလောက်မှာပြီးမယ်။ ပြီးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဘယ်အထူးကုမှာ ဘယ်လောက်ထုတ်ရမလဲ၊ ဒီနှစ်မှာဘယ်လောက်၊ နောက်နှစ်မှာ ဘယ်လောက်ထုတ်မယ် ဘယ်နှစ်ယောက်ပင်စင်သွားမလဲ၊ လောလောဆယ် ဘယ်လောက်ရှိတဲ့ အခြေအနေမှာ မူတည်ပြီး ကျွန်တော်တို့ အဲဒီအတိုင်း ပုံစံကြည့်ထုတ်မှာပါ။ တစ်ခုပဲရှိတယ် အချို့အထူးကုကတော့ သိပ်ပြီးတော့ မလိုက်ချင်တာက အကြောင်းအချက်ရှိပါတယ်။ ဒီအထူးကု သူတို့ဘာကြောင့် မသွားလဲဆိုတာ အကြောင်းအချက်တွေ ရှိပါတယ်။ ဒီအထူးကု သူတို့ ဘာကြောင့်မသွားလဲဆိုတာ အကြောင်းအချက်တွေ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီအကြောင်းအချက်တွေကို လေ့လာပြီးတော့ ဒီလိုသိပ်ပြီးတော့ စိတ်မဝင်စားတဲ့ အထူးကုတွေကို ဆက်လက် ပြီးရအောင်လည်း ကျွန်တော်တို့ ကြိုးစားပေးပါ့မယ်။

     နောက်တစ်ချက်က ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ထွက်လာတဲ့ ဆရာဝန် တွေကိုကြည့်မယ်ဆိုရင် ကျွန်တော် အခုနက တင်ပြတဲ့အထူးကု ဆေးရုံကြီး (၁၄)ရုံပေါ့။ ဗဟိုအဆင့်ဆေးရုံမှာ ကြည့်ပြီးတော့ သူတို့ရဲ့ လူနာဘယ်လောက်လာလဲ၊ အခြား criteria ကိုမူတည်ပြီး ကျွန်တော် မြစ်ကြီးနားဆေးရုံကိုလည်း စဉ်းစားပေးဖို ကျွန်တော်ပြောမှာဖြစ်ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါ ကျွန်တော်တို့ ပါမောက္ခတွေနဲ့ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ ဘယ်လို ထုတ်မလဲ၊ ဘယ်လိုဖြည့်မလဲ၊ ဒီကိစ္စတွေကို ကျွန်တော်တို့ လုပ်နေပါပြီ။ နောက်တစ်ချက်က ကျွန်တော်ဒီမှာ တင်ပြချင်တာကတော့ ကျွန်တော်တို့ လောလောဆယ် stock gap လောလောဆယ်ဘယ်လိုလုပ်မလဲဆိုရင် ရန်ကုန်၊ မန္တလေး၊ မကွေးမှာ အထူးကုတွေအများကြီးတက်နေပါတယ်။ Master တွေ သူတို့ကို ဘယ်ကိုပို့မလဲဆိုတော့ မြစ်ကြီးနားဆေးရုံ၊ မော်လမြိုင်ဆေးရုံ၊ ဘားအံဆေးရုံ၊ နေပြည်တော်ခုတင် (၁၀၀၀)မှာ MSc တက်နေတဲ့ကာလမှာ သူတို့ကို သင်တန်းအနေနဲ့ (၆)လ အဲဒီမှာ ရှိနေတဲ့ Senior Consultant သင်လည်းပေးမယ်။ တစ်ကြိမ်တည်းမှာ သူတို့လူနာတွေကိုလည်း Treatment ပေးမယ်ဆိုလို့ရှိရင် မြစ်ကြီးနား ဆေးရုံမှာလိုတဲ့၊ မရှိတဲ့အထူးကုတွေ Master တက်နေတဲ့အထူးကု ဆရာဝန်တွေက မြစ်ကြီးနားဆေးရုံမှာ တာဝန်ထမ်းဆောင်မယ်၊ အဲဒီလို လုပ်ခြင်းအားဖြင့် ကျွန်တော်တို့မှာ အကျိုးရှိတယ်။ ဘယ်လိုအကျိုးရှိလဲဆိုတော့ မန္တလေး၊ ရန်ကုန်၊ မကွေးဒီဆေးရုံမှာ သင်ကြားတဲ့ဆရာဝန်တွေက ပြည့်ကျပ်နေတယ်။ အဲဒီတော့ ဒီဆရာဝန်တွေက နယ်သွားတယ်။ သင်လည်းသင်မယ် ကုလည်းကုမယ်ဆိုရင် တော်တော်များများ ကောင်းမယ့်အလားအလာရှိပါတယ်။ ဒီဥစ္စာကို ကျွန်တော်တို့ စတင်လုပ်ဖို့စီစဉ်နေပါပြီ။ နောက်တစ်ချက်က ခန္ဓာကိုယ် အစိတ်အပိုင်း အလိုက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသလို တစ်ဦးဆိုရင် ဒီတစ်ဦးနဲ့ပြောလို့လည်းမရပါဘူး Neuro Surgeon တစ်ယောက်ကို ပို့မယ်ဆိုလို့ရှိရင် သူ့မှာခွဲမယ့်ပစ္စည်းကိရိယာတွေ ကျွန်တော်တို့က ပေးရပါတယ်။ ထို့အပြင် Neuro နဲ့ ပတ်သက်တဲ့ Neuro Anaesthetist မေ့ဆေး၊ Neuro နဲ့ ပတ်သက်ပြီး Assist လုပ်မယ့် သူနာပြု အကုန်လုံး လုပ်ရမယ်။ Team နဲ့လုပ်ရပါတယ်။ တစ်ယောက်ပေးလို့မရပါဘူး ခင်ဗျား။ အဲဒီတော့ ကျွန်တော်အဲဒါကို တင်ပြချင်တာပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် အထူးကုတစ်ယာက်ပို့မယ်ဆိုလို့ရှိရင် အကုန်လုံး မေ့ဆေး၊ ဓါတ်မှန်၊ ခွဲစိတ်၊ သူနာပြု၊ စက်ကိရိယာကျွမ်းကျင်ပါ အကုန်လုံးပေးရတဲ့အတွက် ချက်ချင်းပေးလို့မရခြင်း ဖြစ်ပါတယ်။ ဒီအချက်များအားလုံးကိုလည်း ကျွန်တော်တို့လုပ်မှာပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးကို ပြောချင်တာကတော့ မြစ်ကြီးနာက အလွန်ဝေးတဲ့ မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ မြို့လည်းဖြစ်တဲ့အတွက် ဦးစားပေး၊ အခြားအောက်ပိုင်းနဲ့ဆိုရင်တော့ ဦးစားပေးမယ်ဖြစ်ကြောင်း ပြောကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျား။

More Tags