ပြည်သူလူထုအနေဖြင့် မိမိတို့တွင် တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားသည်ဟုထင်ပါက နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်းသတင်းပေးပို့ ကုသမှုခံယူပါ ဗဟိုနှင့် ပြည်နယ်အဆင့်မှ အထူးကုဆေးအဖွဲ့များနှင့် ဒေသခံကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ မောင်တောမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်များ ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ (၂၀၁၇)ခုနှစ်၊ သြဂုတ်လ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ခဲ့မှုများ မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကော်မတီ၏ (၁၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအတွက် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(ယာယီ)မှ တိုင်းရင်းဆေးများနှင့် အလှူငွေများ လှူဒါန်းပွဲကျင်းပ

မွန်ပြည်နယ်၊ အမှတ်(၁)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

  မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍ -

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၂၀၁၇-၂၀၁၈) ခု၊ ဘဏ္ဍာရေးနှစ်၌ ဝန်ထမ်းအိမ်ရာများ တည်ဆောက် ရန်အတွက် ငွေကျပ်သန်းပေါင်း (၉၁၀၀) လျာထားတောင်းဆိုထားပါသည်။ အဆိုပါငွေဖြင့် ဝန်ထမ်းအိမ်ရာပေါင်း (၅) ထောင်ကျော် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ (၂၀၁၈-၂၀၁၉) ခု၊ ဘဏ္ဍာရေးနှစ်များတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် ဘဏ္ဍာငွေကို နှစ်ဆ သို့မဟုတ် သုံးဆ ပို၍ တင်ပြတောင်းခံမှာ ဖြစ်ပါတယ်။ အခြားအပိုင်းမှ ဘဏ္ဍာငွေကိုလျော့၍ စုစုပေါင်း တောင်းခံသည့် ဘဏ္ဍာငွေကို ပြောင်းလဲမှု မရှိရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း အိမ်ရာဆောက်လုပ်ရန်အတွက် (၂၀၁၇-၂၀၁၈) ခု၊ ဘဏ္ဍာရေးနှစ် အရ အသုံးခန့်မှန်းခြေငွေစာရင်း ငွေလုံးငွေရင်းအသုံးစရိတ်တွင် ပါဝင်ခြင်းမရှိ သော်လည်း (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ်စီမံကိန်းများတွင် ဝန်ထမ်းအိမ်ရာရရှိရေးအတွက် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်နေပါသောကြောင့် ရန်ပုံငွေရရှိရေးအတွက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

 
 

More Tags