(၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတွင် ကျန်းမာရေးပြခန်း ခင်းကျင်းဆောင်ရွက်ခြင်း

လွိုင်ကော်မြို့၊ ဇန်နဝါရီလ (၁၀)ရက်

     (၁၅-၁-၂၀၁၉)ရက်နေ့တွင်ကျရောက်သော (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတွင် (၁၀-၁-၂၀၁၉)ရက်နေ့မှ (၁၉-၁-၂၀၁၉)ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ကြက်ခြေနီ အဖွဲ့တို့ ပူးပေါင်း၍ ကျန်းမာရေးပြခန်းဖွင့်လှစ်ခဲ့ပါသည်။

 

     (၁၀-၁-၂၀၁၉)ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့မှ ပြခန်းအား လှည့်လည် ကြည့်ရှု့ခဲ့ကြပါသည်။ ကျန်းမာရေးပြခန်းတွင် သွေးပေါင်ချိန်ပေးခြင်း၊ သွေးချိုဆီးချိုရှိ/မရှိ စစ်ဆေး ပေးခြင်း၊ သွေးအားနည်းရောဂါရှိ/မရှိ စစ်ဆေးပေးခြင်း၊ ငှက်ဖျားရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ HIVရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ သွေးအုပ်စု စစ်ဆေးပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးလျှက် ရှိပါသည်။

 

 

More Tags