(၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ ပြခန်းပထမဆုအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြခန်းက ဆွတ်ခူးရရှိ

လွိုင်ကော်                       ဇန်နဝါရီလ (၁၉) ရက်

     ၂၀၁၉ ခုနှစ်၊ (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်း များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ (၁၀-၁-၂၀၁၉)ရက်နေ့မှ (၁၉-၁-၂၀၁၉) ရက်နေ့အထိ ပြခန်းများ ဖွင့်လှစ်ပြသခဲ့ကြပါသည်။ ကယားပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာပြခန်းများကို အကဲဖြတ်အမှတ်အဖွဲ့ဖြင့် စိစစ်အမှတ်ပေး၍ ဆုများကိုချီးမြှင့်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြခန်းက ပြခန်းပထမဆုကို ရရှိခဲ့ပါသည်။ ပြခန်းပထမဆုကို ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ဆုချီးမြှင့်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်က လက်ခံရယူခဲ့ပါသည်။


 

 

More Tags