(၂၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား စစ်တွေမြို့၌ ပြုလုပ်ကျင်းပ

စစ်တွေမြို့၊ မေလ (၂၃) ရက်

     ရခိုင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ၂၀၁၈ ခုနှစ်၊ (၂၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား (၂၃-၅-၂၀၁၉) ရက်နေ့ မွန်းလွှဲပိုင်းတွင် စစ်တွေမြို့၌ ပြုလုပ်ကျင်းပရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင် တက်ရောက်ခဲ့ပါသည်။

 

     အဆိုပါအခမ်းအနားသို့ ပြည်နယ်/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် (မိခင်နှင့်မျိုးဆက်ပွား)၊ ပညာရေးဌာနမှ ကိုယ်စားလှယ် စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။

More Tags