(၂၀၁၉ -၂၀၂၀) ပညာသင်နှစ်အတွက် သူနာပြု-သာဖွား ဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသာဖွား ဒီပလိုမာ (၂) နှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာ စိစစ်ရွေးချယ်ရေးအစည်းအဝေး ကျင်းပပြုလုပ်

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၂၀) ရက်

     (၂၀.၈.၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၀၁၉-၂၀၂၀) ခုနှစ် ပညာသင်နှစ်အတွက် သူနာပြု-သာဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသာဖွား ဒီပလိုမာ (၂) နှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာ စိစစ်ရွေးချယ်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး သူနာပြု-သာဖွားသင်တန်း ဝင်ခွင့်ရွေးချယ် စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း (ဥက္ကဌ)၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် (အတွင်းရေးမှူး)၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်သစ္စာလွင် (ဒုတိယဥက္ကဌ)၊ အဖွဲ့ဝင်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်ဝင်းကြည်၊ ရန်ကုန်သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နီနီဝင်း ကိုယ်စားကျောင်းအုပ် ဒေါ်အေးအေးမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ (သူနာပြု) ဒေါ်ဝင်းစိန် (တွဲဖက် အတွင်းရေးမှူး) တို့ တက်ရောက်ခဲ့ကြပါသည်။

 

     အစည်းအဝေးတွင် (၂၀၁၉-၂၀၂၀) ခုနှစ် ပညာသင်နှစ်အတွက် သူနာပြု-သာဖွား ဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသာဖွား ဒီပလိုမာ (၂) နှစ်သင်တန်းတက်ရောက်ရန် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ညွှန်ကြားချက်ပါ အရည်အချင်းများအတိုင်း သင်တန်းသားများ ရွေးချယ်နိုင်ရေးအတွက် အတည်ပြု ဆွေးနွေးညိှနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၁:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Tags