(၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်

စစ်တွေမြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၂၁)ရက်

     ပြည်နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ သြဂုတ်လ(၂၀၁၉)ခုနှစ်၊နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာက အဖွင့်မိန့်ခွန်းစကားပြောကြားခဲ့ပါသည်။    အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာသံလွင်အောင်က ကျောင်းကျန်းမာရေးသမိုင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု  မှတ်တိုင်များ၊ ပြည်နယ်အဆင့်ကျန်းမာရေးကော်မတီနှင့်တာဝန်/ဝတ္တရားများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက် (၇) ရပ်နှင့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ရန်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ရည်မှန်းထားသော ကျောင်းကျန်းမာရေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းမှလည်း ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းကျန်းမာရေး သီတင်းပတ်နှင့် ပတ်သက်သော စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများ အားဆုချီးမြှင့်ပေးခဲ့ကြပါသည်။


 

     အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ၊ အခြေခံကျန်းမာရေးပညာရှင်    ဝန်ထမ်းများ၊ စစ်တွေတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အခြေခံပညာရေးဦးစီးဌာနမှ ပြည်နယ်ပညာရေးမှူးနှင့်တကွ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသောသတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

 

More Tags